ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီး အစွမ်းသတ္တိရှိသည်အတိုင်း၊ တစ်ဦး၌ ငွေအခွက်ငါးဆယ်၊- တစ်ဦး၌ အခွက်နှစ်ဆယ်၊ တစ်ဦး၌ အခွက်တစ်ဆယ်ကို အပ်ပေးပြီးမှ ချက်ချင်းသွားလေ၏။- အခွက်ငါးဆယ်ကိုခံသောသူသည် သွား၍ကုန်သွယ်ခြင်းကို ပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။- ထိုနည်းတူ အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်း၊ အခြားသော အခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။- အခွက်တစ်ဆယ်ကို ခံသောသူမူကား၊ သွား၍ မြေ၌တွင်းတူးပြီးလျှင် အရှင်၏ငွေကို ဝှက်ထားလေ၏။ ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏ အရှင်သည် လာ၍ သူတို့ကို စာရင်းယူလေ၏။- အခွက်ငါးဆယ်ကို ခံသောသူသည် ချဉ်းကပ်၍ အခြားသောအခွက်ငါးဆယ်ကို ဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ၏။
ရှင်မဿဲ 25 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 25
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 25:14-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ