YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 25:1-13

ရှင်မဿဲ 25:1-13 JBMLE

ထို​အ​ခါ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီး​ခွက်​ကို ကိုင်​ယူ၍ ထွက်​သွား​သော သ​တို့​သ​မီး တစ်​ကျိပ်​နှင့် တူ၏။- ထို​သ​တို့​သ​မီး​တို့​တွင် ငါး​ယောက်​သည် ပ​ညာ​သ​တိ​ရှိ​ကြ၏။ ငါး​ယောက်​မူ​ကား အ​မိုက်​ဖြစ်​ကြ၏။- မိုက်​သော​သူ​တို့​သည် မီး​ခွက်​တို့​ကို​သာ​ယူ၍ ဆီ​ကို မ​ယူ​ကြ။- ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​မူ​ကား၊ မီး​ခွက်​နှင့်​တ​ကွ ဘူး၌​ပါ​သော​ဆီ​ကို​လည်း ယူ​ကြ၏။- မင်္ဂ​လာ​ဆောင်​လု​လင်​သည် မ​လာ​ဘဲ​နေ​စဉ်၊ ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ငိုက်၍ အိပ်​ပျော်​ကြ၏။- သန်း​ခေါင်​ယံ၌ ကြည့်​ပါ။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ​ပြီ။ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​ကြ​ကုန်​ဟု ကြွေး​ကြော်​လျှင်၊- ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ထ၍​မီး​ခွက်​များ​ကို ပြင်​ဆင်​ကြ၏။- မိုက်​သော​သူ​တို့​က ငါ​တို့​ဆီ​မီး သေ​ပါ​ပြီ။ သင်​တို့​ဆီ​ကို အ​နည်း​ငယ်​ပေး​ပါ​ဟု ပ​ညာ​ရှိ​သော​သူ​တို့​အား တောင်း​ကြ၏။- ပ​ညာ​ရှိ​သော​သူ​တို့​က​လည်း သင်​တို့​အ​ဖို့​နှင့် ငါ​တို့​အ​ဖို့ ဆီ​မ​လောက်။ ထို​ကြောင့် ဆီ​ရောင်း​သော​သူ ရှိ​ရာ​သို့ သွား၍ ကိုယ်​သုံး​ဖို့​ဝယ်​လျှင် သာ၍​ကောင်း​သည်​ဟု ပြန်​ပြော​ကြ၏။- ထို​သူ​တို့​သည် ဆီ​ဝယ်​သွား​သည်​အ​ခိုက်​တွင် မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ၍၊ အ​သင့်​ရှိ​သော သ​တို့​သ​မီး​တို့​သည် လု​လင်​နှင့်​အ​တူ ပွဲ​သို့​ဝင်​ကြ​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​ထား၏။- ထို​နောက် ကြွင်း​သော​သ​တို့​သ​မီး​တို့​သည် လာ၍ အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့​အား တံ​ခါး​ကို​ဖွင့်​ပါ​ဟု တောင်း​လျှောက်​ကြ​သော်၊- အ​ရှင်​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လေ၏။- သို့​ဖြစ်၍ လူ​သား​သည် ကြွ​လာ​အံ့​သော​နေ့​ရက်၊ အ​ချိန်​နာ​ရီ​ကို သင်​တို့​သည် မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။

​ရှင်မဿဲ 25:1-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။