YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 24:45-51

ရှင်မဿဲ 24:45-51 JBMLE

အ​ရှင်​သည် မိ​မိ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍၊ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။- အ​ကြင်​ကျွန်​သည် ဤ​သို့​ပြု​လျက်​နေ​သည်​ကို အ​ရှင်​သည် ပြန်​လာ၍​တွေ့၏။ ထို​ကျွန်​သည် မင်္ဂ​လာ​ရှိ၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ရှင်​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ထို​ကျွန်၌ အပ်​လိမ့်​မည်။- သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​ဆိုး​က ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့်၊- ကျွန်​ချင်း​တို့​ကို ရိုက်​ပုတ်​လျက် သေ​သောက်​ကြူး​သော သူ​တို့​နှင့်​တ​ကွ စား​သောက်​လျက်​နေ၏။- ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊- ထို​ကျွန်​ကို ပြင်း​ပြ​စွာ ကွပ်​မျက်​ဆုံး​မ၍၊ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ​အ​ရပ်၌ လျှို့​ဝှက်​သော သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။