YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 24:4-14

ရှင်မဿဲ 24:4-14 JBMLE

ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​များ​သော​သူ​တို့​က၊ ငါ​သည် ခ​ရစ်​တော်​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့် လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- သင်​တို့​သည် စစ်​တိုက်​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။ ထို​အ​မှု​အ​ရာ​များ​သည် ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည်​မ​ဖြစ်​သေး။- လူ​တစ်​မျိုး​နှင့် တစ်​မျိုး တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။- ထို​ကာ​လ၌ လူ​များ​တို့​သည် သင်​တို့​ကို​ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​ကြောင့်​လည်း ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။- ထို​ကာ​လ၌ အ​များ​သော​သူ​တို့​သည် ဖောက်​ပြန်​ခြင်း​သို့​ရောက်၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် အပ်​ကြ​လိမ့်​မည်။- အ​ချင်း​ချင်း မုန်း​ကြ​လိမ့်​မည်။ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ပေါ်​လာ၍ လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- မ​တ​ရား​သော​အ​မှု​တို့​သည် များ​ပြား​သ​ဖြင့် အ​များ​သော​သူ​တို့၏ ချစ်​ခြင်း​မေ​တ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။- အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။- လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​တို့၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အ​ဆုံး​သည်​ဖြစ်​လ​တ္တံ့။