YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 24:36-44

ရှင်မဿဲ 24:36-44 JBMLE

ထို​အ​ချိန်​နာ​ရီ​ကို​ကား အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​တ​မန် မ​သိ။ ငါ့​ခ​မည်း​တော်​တစ်​ပါး​တည်း​သာ သိ​တော်​မူ၏။ လူ​သား​သည် ကြွ​လာ​သော​အ​ခါ နော​ဧ​လက်​ထက်၌ ဖြစ်​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။- ရေ​လွှမ်း​မိုး​ခြင်း မ​ဖြစ်​မီ​ကာ​လ၌ နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သော နေ့​တိုင်​အောင် လူ​များ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက် နေ၍၊- ရေ​လွှမ်း​မိုး​ခြင်း​ရောက်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် တိုင်​အောင် သ​တိ​မဲ့​နေ​ကြ​သည် နည်း​တူ၊ လူ​သား​ကြွ​လာ​သော​အ​ခါ၌ ဖြစ်​လိမ့်​မည်။- ထို​အ​ခါ လယ်၌​ရှိ​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။- ကြိတ်​ဆုံ​ကြိတ်​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။- သင်​တို့​အ​ရှင်​သည် အ​ဘယ်​အ​ချိန်​နာ​ရီ၌ ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။- သူ​ခိုး​လာ​မည်​အ​ချိန်​နာ​ရီ​ကို အိမ်​ရှင်​သိ​ရ​လျှင်၊ မိ​မိ​အိမ်​ကို မ​ထွင်း​မ​ဖောက်​စေ​ခြင်း​ငှာ၊ စောင့်​နေ​လိမ့်​မည်​ကို သင်​တို့​သိ​ကြ၏။- ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့ မ​ထင်​မ​မှတ်​သော အ​ချိန်​နာ​ရီ၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။