YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 24:32-51

ရှင်မဿဲ 24:32-51 JBMLE

သင်္ဘော​သ​ဖန်း​ပင်​ကို အ​စွဲ​ပြု၍ ပုံ​သက်​သေ​တစ်​ခု​ကို မှတ်​ကြ​လော့။ သင်္ဘော​သ​ဖန်း​ပင်​သည် အ​ခက်​အ​လက်​နု၍ အ​ရွက်​ပေါက်​သော​အ​ခါ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ၏။- ထို​နည်း​တူ၊ ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မြင်​ရ​လျှင် လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။- ထို​အ​ချိန်​နာ​ရီ​ကို​ကား အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​တ​မန် မ​သိ။ ငါ့​ခ​မည်း​တော်​တစ်​ပါး​တည်း​သာ သိ​တော်​မူ၏။ လူ​သား​သည် ကြွ​လာ​သော​အ​ခါ နော​ဧ​လက်​ထက်၌ ဖြစ်​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။- ရေ​လွှမ်း​မိုး​ခြင်း မ​ဖြစ်​မီ​ကာ​လ၌ နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သော နေ့​တိုင်​အောင် လူ​များ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက် နေ၍၊- ရေ​လွှမ်း​မိုး​ခြင်း​ရောက်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် တိုင်​အောင် သ​တိ​မဲ့​နေ​ကြ​သည် နည်း​တူ၊ လူ​သား​ကြွ​လာ​သော​အ​ခါ၌ ဖြစ်​လိမ့်​မည်။- ထို​အ​ခါ လယ်၌​ရှိ​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။- ကြိတ်​ဆုံ​ကြိတ်​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။- သင်​တို့​အ​ရှင်​သည် အ​ဘယ်​အ​ချိန်​နာ​ရီ၌ ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။- သူ​ခိုး​လာ​မည်​အ​ချိန်​နာ​ရီ​ကို အိမ်​ရှင်​သိ​ရ​လျှင်၊ မိ​မိ​အိမ်​ကို မ​ထွင်း​မ​ဖောက်​စေ​ခြင်း​ငှာ၊ စောင့်​နေ​လိမ့်​မည်​ကို သင်​တို့​သိ​ကြ၏။- ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့ မ​ထင်​မ​မှတ်​သော အ​ချိန်​နာ​ရီ၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။ အ​ရှင်​သည် မိ​မိ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍၊ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။- အ​ကြင်​ကျွန်​သည် ဤ​သို့​ပြု​လျက်​နေ​သည်​ကို အ​ရှင်​သည် ပြန်​လာ၍​တွေ့၏။ ထို​ကျွန်​သည် မင်္ဂ​လာ​ရှိ၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ရှင်​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ထို​ကျွန်၌ အပ်​လိမ့်​မည်။- သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​ဆိုး​က ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့်၊- ကျွန်​ချင်း​တို့​ကို ရိုက်​ပုတ်​လျက် သေ​သောက်​ကြူး​သော သူ​တို့​နှင့်​တ​ကွ စား​သောက်​လျက်​နေ၏။- ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊- ထို​ကျွန်​ကို ပြင်း​ပြ​စွာ ကွပ်​မျက်​ဆုံး​မ၍၊ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ​အ​ရပ်၌ လျှို့​ဝှက်​သော သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။