YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 24:1-8

ရှင်မဿဲ 24:1-8 JBMLE

ယေ​ရှု​သည် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ​သည်​ရှိ​သော်၊ တ​ပည့်​တော်​တို့​သည် ဗိ​မာန်​တော်၏ တိုက်​ဆောင်​များ​ကို ပြ​ခြင်း​ငှာ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။- ယေ​ရှု​က​လည်း၊ ဤ​အ​ရာ​အ​လုံး​စုံ​ကို သင်​တို့​သည် မြင်​ကြ​သည်​မ​ဟုတ်​လော။ ငါ​အ​မှန်​ဆို​သည်​ကား၊ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ​မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။ ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ထိုင်​တော်​မူ​စဉ်၊ တ​ပည့်​တော်​တို့​သည် အ​ခြား​သူ​မ​ပါ​ဘဲ ချဉ်း​ကပ်၍၊ ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ကြွ​လာ၍ ဤ​ကပ်​က​မ္ဘာ​ကုန်​သော ပု​ပ္ပ​နိ​မိတ်​သည် အ​ဘယ်​နိ​မိတ် ဖြစ်​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​များ​သော​သူ​တို့​က၊ ငါ​သည် ခ​ရစ်​တော်​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့် လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- သင်​တို့​သည် စစ်​တိုက်​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။ ထို​အ​မှု​အ​ရာ​များ​သည် ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည်​မ​ဖြစ်​သေး။- လူ​တစ်​မျိုး​နှင့် တစ်​မျိုး တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။