YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 23:24-26

ရှင်မဿဲ 23:24-26 JBMLE

လမ်း​ပြ​သော​လူ​ကန်း​တို့၊ သင်​တို့​သည် ခြင်​တစ်​ကောင်​ကို​မျှ မ​ပါ​စေ​ခြင်း​ငှာ ရေ​ကို​စစ်​လျက်​နှင့် ကု​လား​အုတ်​ကို မျို​ကြ၏။ လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌ ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။- မျက်​စိ​ကန်း​သော ဖာ​ရိ​ရှဲ၊ ဖ​လား၊ လင်​ပန်း​ကို အ​တွင်း၌ ရှေ့​ဦး​စွာ ဆေး​ကြော​လော့။ သို့​ပြု​လျှင် အ​ပြင်​ကား သန့်​ရှင်း​လိမ့်​မည်။