YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 23:1-12

ရှင်မဿဲ 23:1-12 JBMLE

ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​တော်​မူ​သည်​ကား၊- ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့​သည် မော​ရှေ၏​ထိုင်​ရာ ပ​လ္လင်​ပေါ်​မှာ ထိုင်​ကြ၏။- ထို​ကြောင့် သူ​တို့​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို စောင့်​ရှောက်၍ ပြု​ကြ​လော့။ သူ​တို့၏ အ​ကျင့်​အ​တိုင်း မ​ကျင့်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် စီ​ရင်​ထုံး​ဖွဲ့​သော်​လည်း ကိုယ်​တိုင်​မ​ကျင့်​ကြ။- အ​လွန်​လေး၍ ထမ်း​ခဲ​သော ဝန်​တို့​ကို ပြင်​ဆင်၍ သူ​တစ်​ပါး​ပ​ခုံး​ပေါ်​မှာ တင်​တတ်​ကြ၏။ မိ​မိ​တို့​မူ​ကား လက်​ဖျား​နှင့်​မျှ မ​ရွှေ့​လို​ကြ။- သူ​တို့​သည် ပြု​သ​မျှ​သော​အ​ကျင့်​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ ပြု​ကြ၏။ ကျယ်​သော လက်​ဖွဲ့​တို့​ကို​လည်း​ကောင်း၊ ကြီး​သော ပန်း​ပွား​တို့​ကို​လည်း​ကောင်း ဝတ်​လေ့​ရှိ​ကြ၏။- ပွဲ​သ​ဘင်၊ တ​ရား​ဇ​ရပ်​တို့၌ မြင့်​မြတ်​သော​နေ​ရာ ထိုင်​ရာ​ကို​လည်း​ကောင်း၊- ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ အ​ရှင်​ဘု​ရား အ​ရှင်​ဘု​ရား​ဟု လူ​များ​ခေါ်​ဝေါ်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။- သင်​တို့​မူ​ကား အ​ရှင်​ဘု​ရား​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။ သင်​တို့​အ​ပေါင်း​သည် ညီ​အစ်​ကို​ချင်း ဖြစ်​ကြ၏။- မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​သူ​ကို​မျှ အ​ဘ​ဟူ၍ မ​ခေါ်​ဝေါ်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ၌ သင်​တို့​အ​ဘ တစ်​ပါး​တည်း​ရှိ​တော်​မူ၏။- ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။- သင်​တို့​တွင် အ​ကြီး​ဖြစ်​သော​သူ​သည် သင်​တို့​အ​စေ​ခံ​ဖြစ်​ရ၏။- အ​ကြင်​သူ​သည် မိ​မိ​ကို​ချီး​မြှောက်​အံ့၊ ထို​သူ​သည် နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ အ​ကြင်​သူ​သည် မိ​မိ​ကို​နှိမ့်​ချ​အံ့၊ ထို​သူ​သည် ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့။