ထိုအတူ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဖက်ပြီးမှ သေကြ၏။- နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏မယား ဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဖက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။- ထမြောက်ရာကာလ၌ စုံဖက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။- ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။- ထိုမှတစ်ပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အားမိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။- ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။ ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊- သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တစ်ယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ၊- အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည် သာ၍ကြီးသနည်းဟု မေးလျှောက်သော်၊- ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊- ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။- ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။- ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
ရှင်မဿဲ 22 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 22:26-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ