YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 22:23-46

ရှင်မဿဲ 22:23-46 JBMLE

ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟူ၍ အ​ယူ​ရှိ​သော ဇ​ဒ္ဒု​ကဲ​တို့​သည် ထို​နေ့၌ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊- အ​ရှင်​ဘု​ရား၊ လူ​မည်​သည်​ကား သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​မ​ယား​ကို သူ့​ညီ​သိမ်း​ယူ၍ အစ်​ကို​အ​မျိုး မ​ပြတ်​ဆက်​နွယ်​စေ​ဟု မော​ရှေ​စီ​ရင်​ပါ​ပြီ။- အ​ကျွန်ုပ်​တို့​တွင် ညီ​အစ်​ကို​ခု​နစ်​ယောက် ရှိ​ပါ၏။ အစ်​ကို​အ​ကြီး​သည် မိန်း​မ​နှင့်​စုံ​ဖက်၍ သား​မ​ရှိ​ဘဲ​သေ​သ​ဖြင့် မိ​မိ​မ​ယား​ကို မိ​မိ​ညီ​နှင့် ကျန်​ရစ်​စေ၏။- ထို​အ​တူ တစ်​ယောက်​နောက်​တစ်​ယောက် ခု​နစ်​ယောက်​သော​ညီ​အစ်​ကို​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ပြီး​မှ သေ​ကြ၏။- နောက်​ဆုံး၌ မိန်း​မ​သည်​လည်း သေ​လေ၏။- သို့​ဖြစ်၍ ထ​မြောက်​ရာ​ကာ​လ၌ ထို​မိန်း​မ​သည် ခု​နစ်​ယောက်​သော​ညီ​အစ်​ကို​တို့​တွင် အ​ဘယ်​သူ၏​မ​ယား ဖြစ်​ရ​ပါ​မည်​နည်း။ ထို​သူ​အ​ပေါင်း​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​ကြ​ပြီ​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် ကျမ်း​စာ​ကို​နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။- ထ​မြောက်​ရာ​ကာ​လ၌ စုံ​ဖက်​ခြင်း​ကို မ​ပြု၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု။- ကောင်း​ကင်​သား​ဘု​ရား​သ​ခင်၏ တ​မန်​တော်​ကဲ့​သို့ ဖြစ်​ကြ၏။- ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က၊ ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟု သင်​တို့​အား​မိန့်​မြွက်​တော်​မူ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။ ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏ ဘု​ရား​မ​ဟုတ်၊ အ​သက်​ရှင်​သော​သူ​တို့၏ ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။- ပ​ရိ​သတ်​များ​တို့​သည် ကြား​ရ​လျှင် ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏။ ဇ​ဒ္ဒု​ကဲ​တို့၏ စ​ကား​ကို ချေ​တော်​မူ​ကြောင်း​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင် စု​ဝေး​ကြ၍၊- သူ​တို့​အ​ဝင်​အ​ပါ​ဖြစ်​သော ကျမ်း​တတ်​တစ်​ယောက်​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ၊- အ​ရှင်​ဘု​ရား၊ ပ​ည​တ္တိ​ကျမ်း၌ အ​ဘယ်​မည်​သော ပ​ညတ်​သည် သာ၍​ကြီး​သ​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့၊- ဟူ​သော ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​ဖြစ်၏။ ကြီး​မြတ်​သော ပ​ညတ်​လည်း​ဖြစ်၏။- ထို​မှ​တစ်​ပါး ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ဒု​တိ​ယ​ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​နှင့် သ​ဘော​တူ၏။- ဤ​ပ​ညတ်​နှစ်​ပါး​တို့​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း ရှိ​သ​မျှ​တို့၏ အ​ချုပ်​အ​ခြာ​ပင်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။ ဖာ​ရိ​ရှဲ​တို့​သည် စု​ဝေး၍​နေ​ကြ​စဉ်​တွင် ယေ​ရှု​က၊ သင်​တို့​သည် ခ​ရစ်​တော်​ကို အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။- အ​ဘယ်​သူ၏ သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု လျှောက်​ကြ​သော်၊- သို့​ဖြစ်​လျှင် ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။- ဒါ​ဝိဒ်၏​စ​ကား​မှာ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ၏​သ​ခင်​အား မိန့်​တော်​မူ​သည်​ဟု ဒါ​ဝိဒ်​ဆို​သ​တည်း။- ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍​ခေါ်​လျှင်၊ အ​ဘယ်​သို့ သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​သည်​ရှိ​သော်၊- အ​ဘယ်​သူ​မျှ စ​ကား​တစ်​ခွန်း​ကို ပြန်​လျှောက်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ။ ထို​နေ့​မှ​စ၍ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။

Video for ရှင်မဿဲ 22:23-46