YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 22:1-33

ရှင်မဿဲ 22:1-33 JBMLE

တစ်​ဖန် ယေ​ရှု​သည် ဥ​ပ​မာ​ကို​ဆောင်၍ ပ​ရိ​သတ်​တို့​အား မိန့်​မြွက်​တော်​မူ​သည်​ကား၊- ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​သား​အ​ဖို့ ထိမ်း​မြား​မင်္ဂ​လာ​ဆောင်​ပွဲ​ကို စီ​ရင်​သော မင်း​ကြီး​နှင့် တူ၏။- ထို​မင်း​ကြီး​သည် ဖိတ်​ပြီး​သော​သူ​တို့​ကို ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို စေ​လွှတ်​သော​အ​ခါ ထို​သူ​တို့​သည် မ​လာ​ဘဲ​နေ​ကြ၏။- တစ်​ဖန် အ​ခြား​သော​လု​လင်​တို့​ကို စေ​လွှတ်၍ ငါ့​ပွဲ​ကို ငါ​ပြင်​ဆင်​ပြီ။ နွား​မှ​စ​သော ဆူ​ဖြိုး​သော တိ​ရ​စ္ဆာန်​များ​ကို သတ်၍​ပြီး​ပြီ။ အ​လုံး​စုံ​တို့​သည် အ​သင့်​ရှိ​ပြီ။ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ လာ​ကြ​ပါ​ဟု ဖိတ်​ပြီး​သော​သူ​တို့​အား ပြော​ကြ​ဟု မှာ​လိုက်​ပြန်၏။- သို့​သော်​လည်း ထို​သူ​တို့​သည် နား​မ​ထောင်​ဘဲ အ​ချို့​တို့​သည် မိ​မိ​လယ်​သို့ သွား​ကြ၏။ အ​ချို့​တို့​သည် ကုန်​သွယ်​ရာ​သို့ သွား​ကြ၏။- ကြွင်း​သော​သူ​တို့​သည်​လည်း လု​လင်​တို့​ကို​ဖမ်း​ဆီး၍ ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ၏။- ထို​မင်း​ကြီး​သည်​ကြား​လျှင် အ​မျက်​ထွက်၍ စစ်​ချီ​စေ​သ​ဖြင့်၊ လူ​အ​သက်​ကို​သတ်​သော ထို​သူ​တို့​ကို အ​ပြီး​လုပ်​ကြံ၍ သူ​တို့၏​မြို့​ကို မီး​ရှို့​လေ၏။ ထို​နောက်​မှ မင်း​ကြီး​သည်​လု​လင်​တို့​ကို​ခေါ်၍ ငါ၏ မင်္ဂ​လာ​ဆောင်​ပွဲ​သည် အ​သင့်​ရှိ၏။ ခေါ်​ဖိတ်​သော​သူ​တို့​သည် မ​ထိုက်​မ​တန်​သော​ကြောင့်၊- လမ်း​မ​လမ်း​ကြား​သို့​သွား၍ တွေ့​သ​မျှ​သော​သူ​တို့​ကို ပွဲ​သို့​ခေါ်​ဖိတ်​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊- လု​လင်​တို့​သည် လမ်း​များ​သို့​ထွက်​သွား၍ ကောင်း​မ​ကောင်း တွေ့​သ​မျှ​သော လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ပွဲ​တော်၌ အ​ပြည့်​ရှိ​လေ၏။- မင်း​ကြီး​သည် ပွဲ၌​လျောင်း​သော​သူ​တို့​ကို ကြည့်​ရှု​ခြင်း​ငှာ ဝင်​တော်​မူ​သော​အ​ခါ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​ကို​မ​ဝတ်​သော သူ​တစ်​ယောက်​ကို​မြင်​လျှင်၊- အ​ဆွေ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​မ​ရှိ​ဘဲ အ​ဘယ်​ကြောင့် ဝင်​သ​နည်း​ဟု မေး​တော်​မူ​သည်​ကို ထို​သူ​သည် မ​ပြော​နိုင်​ဘဲ​နေ၏။- ထို​အ​ခါ မင်း​ကြီး​သည် အ​ခြံ​အ​ရံ​တို့​အား ထို​သူ၏​လက်​ခြေ​ကို တုပ်​နှောင်​လော့။ ငို​ကြွေး​ခြင်း အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ် မှောင်​မိုက်​ထဲ​သို့ ယူ​သွား​ချ​လိုက်​ကြ​ဟု အ​မိန့်​တော်​ရှိ၏။- ထို​သို့ ခေါ်​တော်​မူ​သော​သူ အ​များ​ရှိ​သော်​လည်း၊ ရွေး​ကောက်​တော်​မူ​သော​သူ နည်း​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​သွား​ပြီး​လျှင်၊ ငါ​တို့​သည် သူ၏​စ​ကား​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း​ဟု မေး​မြန်း​တိုင်​ပင်​ပြီး​မှ၊- မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။- သို့​ဖြစ်၍ ကိုယ်​တော်​သည် အ​ဘယ်​သို့ ထင်​တော်​မူ​သ​နည်း။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။- အ​ခွန်​ငွေ​တစ်​ပြား​ကို ပြ​ပါ​ဟု မိန့်​တော်​မူ၍၊ ဒေ​နာ​ရိ​တစ်​ပြား​ကို ယူ​ခဲ့​ကြ၏။- ဤ​ပုံ ဤ​လိပ်​စာ​ကား၊ အ​ဘယ်​သူ၏​ပုံ အ​ဘယ်​သူ၏​လိပ်​စာ ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏ ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် ကြား​ရ​လျှင် အံ့​ဩ၍ အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။- ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟူ၍ အ​ယူ​ရှိ​သော ဇ​ဒ္ဒု​ကဲ​တို့​သည် ထို​နေ့၌ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊- အ​ရှင်​ဘု​ရား၊ လူ​မည်​သည်​ကား သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​မ​ယား​ကို သူ့​ညီ​သိမ်း​ယူ၍ အစ်​ကို​အ​မျိုး မ​ပြတ်​ဆက်​နွယ်​စေ​ဟု မော​ရှေ​စီ​ရင်​ပါ​ပြီ။- အ​ကျွန်ုပ်​တို့​တွင် ညီ​အစ်​ကို​ခု​နစ်​ယောက် ရှိ​ပါ၏။ အစ်​ကို​အ​ကြီး​သည် မိန်း​မ​နှင့်​စုံ​ဖက်၍ သား​မ​ရှိ​ဘဲ​သေ​သ​ဖြင့် မိ​မိ​မ​ယား​ကို မိ​မိ​ညီ​နှင့် ကျန်​ရစ်​စေ၏။- ထို​အ​တူ တစ်​ယောက်​နောက်​တစ်​ယောက် ခု​နစ်​ယောက်​သော​ညီ​အစ်​ကို​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ပြီး​မှ သေ​ကြ၏။- နောက်​ဆုံး၌ မိန်း​မ​သည်​လည်း သေ​လေ၏။- သို့​ဖြစ်၍ ထ​မြောက်​ရာ​ကာ​လ၌ ထို​မိန်း​မ​သည် ခု​နစ်​ယောက်​သော​ညီ​အစ်​ကို​တို့​တွင် အ​ဘယ်​သူ၏​မ​ယား ဖြစ်​ရ​ပါ​မည်​နည်း။ ထို​သူ​အ​ပေါင်း​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​ကြ​ပြီ​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် ကျမ်း​စာ​ကို​နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။- ထ​မြောက်​ရာ​ကာ​လ၌ စုံ​ဖက်​ခြင်း​ကို မ​ပြု၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု။- ကောင်း​ကင်​သား​ဘု​ရား​သ​ခင်၏ တ​မန်​တော်​ကဲ့​သို့ ဖြစ်​ကြ၏။- ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က၊ ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟု သင်​တို့​အား​မိန့်​မြွက်​တော်​မူ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။ ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏ ဘု​ရား​မ​ဟုတ်၊ အ​သက်​ရှင်​သော​သူ​တို့၏ ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။- ပ​ရိ​သတ်​များ​တို့​သည် ကြား​ရ​လျှင် ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏။

ရှင်မဿဲ 22:1-33 အကြောင်း ဗီဒီယိုများ