YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 20:20-28

ရှင်မဿဲ 20:20-28 JBMLE

ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား​တို့​အ​မိ​သည် သား​တို့​နှင့်​အ​တူ အ​ထံ​တော်​သို့​ချဉ်း၍ ပျပ်​ဝပ်​လျက် ဆု​ကျေး​ဇူး​ကို တောင်း​ပန်​လေ၏။ ကိုယ်​တော်​က သင်​သည် အ​ဘယ်​ဆု​ကျေး​ဇူး​ကို အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ​သော်၊- ကိုယ်​တော်၏​နိုင်​ငံ​တွင် ကျွန်​မ၌ ဤ​သား​နှစ်​ယောက်​တို့​သည် လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက် ထိုင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​အံ့​သော ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊- ငါ၏​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း ငါ၏​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ထိုင်​ရ​သော​အ​ခွင့်​ကို​ကား အ​ကြင်​သူ​တို့ အ​ဖို့​အ​လို့​ငှာ ငါ့​ခ​မည်း​တော်​သည် ပြင်​ဆင်၏။ ထို​သူ​တို့​အား​သာ ငါ​ပေး​ပိုင်​သည်​ဟု မိန့်​တော်​မူ၏။ အ​ခြား​သော တ​ပည့်​တော်​တစ်​ကျိပ်​တို့​သည် ကြား​သိ​လျှင်၊ ထို​ညီ​အစ်​ကို​နှစ်​ယောက်​တို့​ကို အ​မျက်​ထွက်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့ သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ ပြု​တတ်​ကြ၏။- အ​ကဲ​အ​မှူး​တို့​သည် အာ​ဏာ​ထား​တတ်​ကြ၏။- သင်​တို့​မူ​ကား ထို​သို့​မ​ပြု​ကြ​နှင့်။ လူ​သား​သည် သူ​တစ်​ပါး​ကို​စေ​စား​ခြင်း​ငှာ မ​လာ၊- သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သည်​ဖြစ်၍၊ ထို​နည်း​တူ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​ကို သင်​တို့​အ​စေ​ခံ​ဖြစ်​စေ။ သင်​တို့​တွင်​အ​ထွတ်​အ​မြတ် လုပ်​ချင်​သော​သူ​ကို​လည်း သင်​တို့​ကျွန်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။