YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 20:1-16

ရှင်မဿဲ 20:1-16 JBMLE

ဥ​ပ​မာ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် စ​ပျစ်​ဥ​ယျာဉ်​ကို လုပ်​ဆောင်​သော​သူ​တို့​ကို ငှား​ခြင်း​ငှာ နံ​နက်​စော​စော ထွက်​သွား​သော အိမ်​ရှင်​နှင့်​တူ၏။- ထို​သူ​သည် တစ်​နေ့​လျှင် ဒေ​နာ​ရိ​တစ်​ပြား​စီ​ပေး​မည်​ဟူ၍ လုပ်​ဆောင်​သော​သူ​တို့​နှင့် ဝန်​ခံ​ပြီး​မှ စ​ပျစ်​ဥ​ယျာဉ်​သို့ စေ​လွှတ်​လေ၏။- နံ​နက်​တစ်​ချက်​တီး​အ​ချိန်၌ ထွက်​ပြန်​လျှင်၊ အ​ခြား​သော​သူ​တို့​သည် အ​လုပ်​ကို​မ​လုပ်၊ ဈေး၌​ရပ်​နေ​သည်​ကို မြင်၍၊- သင်​တို့​လည်း ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ။ တော်​လျော်​စွာ ငါ​ပေး​မည်​ဟု​ဆို​လျှင် ထို​သူ​တို့​သည် သွား​ကြ၏။- တစ်​ဖန် နှစ်​ချက်​တီး​အ​ချိန်၊ တစ်​ဖန် သုံး​ချက်​တီး​အ​ချိန်၌ ထွက်၌​ရှေ့​နည်း​အ​တူ ပြု​လေ၏။- ဆယ်​တစ်​နာ​ရီ​အ​ချိန်၌​လည်း ထွက်​ပြန်​လျှင် အ​ခြား​သော​သူ​တို့​သည် အ​လုပ်​ကို​မ​လုပ်၊ ရပ်​နေ​သည်​ကို တွေ့၍၊ သင်​တို့​သည် တစ်​နေ့​လုံး​အ​လုပ်​ကို​မ​လုပ်​ဘဲ ဤ​အ​ရပ်၌ အ​ဘယ်​ကြောင့် နေ​ကြ​သ​နည်း​ဟု​မေး​သော်၊- ထို​သူ​တို့​က၊ ကျွန်​တော်​တို့​ကို အ​ဘယ်​သူ​မျှ မ​ငှား​ပါ​ဟု ပြော​ဆို​ကြ​လျှင်၊ သင်​တို့​လည်း ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ။ တော်​လျော်​စွာ ရ​ကြ​လိမ့်​မည်​ဟု ဆို​လေ၏။ ည​အ​ချိန် ရောက်​သော​အ​ခါ စ​ပျစ်​ဥ​ယျာဉ်​ရှင်​က လုပ်​ဆောင်​သော သူ​တို့​ကို ခေါ်​ခဲ့​လော့။ နောက်​ဝင်​သော သူ​မှ​စ၍ အ​ရင်​အ​ဦး​ဝင်​သော သူ​တိုင်​အောင် အ​ခ​ကို​ပေး​လော့​ဟု မိ​မိ​စာ​ရေး​ကို မှာ​လိုက်​လေ၏။- ထို​ကြောင့် ဆယ်​တစ်​နာ​ရီ​အ​ချိန်၌ ဝင်​သော​သူ​တို့​သည် လာ၍ ဒေ​နာ​ရိ​တစ်​ပြား​စီ ခံ​ကြ၏။- အ​ရင်​ဝင်​သော​သူ​တို့​သည် လာ​ကြ​သော​အ​ခါ ငါ​တို့​သည် သာ၍​ရ​မည်​ဟု စိတ်​ထဲ​မှာ​ထင်​မှတ်​သော်​လည်း ဒေ​နာ​ရိ​တစ်​ပြား​စီ ခံ​ရ​ကြ၏။- ထို​သို့​ခံ​ပြီး​လျှင် အိမ်​ရှင်​ကို ကဲ့​ရဲ့​ပြစ်​တင်၍၊- နောက်​ဝင်​သော​သူ​တို့​သည် တစ်​နာ​ရီ​ခန့်​မျှ​သာ လုပ်​ဆောင်​သော်​လည်း၊ တစ်​နေ့​လုံး​အ​မှု​ဝန်​ကို ထမ်း​ရွက်၍ နေ​ပူ​ဆင်း​ရဲ​ခံ​ရ​သော အ​ကျွန်ုပ်​တို့​နှင့် အ​ညီ​အ​မျှ ကိုယ်​တော်​စီ​ရင်​ပါ​ပြီ​တ​ကား​ဟု ဆို​ကြ၏။- အိမ်​ရှင်​က​လည်း အ​ဆွေ၊ သင်၌ မ​တ​ရား​သော​အ​မှု​ကို ငါ​မ​ပြု။ ဒေ​နာ​ရိ​တစ်​ပြား​ကို အ​မှတ်​ပြု၍ သင်​သည် ငါ​နှင့်​ဝန်​ခံ​သည် မ​ဟုတ်​လော။- သင်၏​ဥ​စ္စာ​ကို ယူ၍​သွား​လော့။ နောက်​ဝင်​သော​သူ​တို့​အား သင်​နှင့် အ​ညီ​အ​မျှ​ပေး​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- ငါ​သည် ကိုယ်​ဥ​စ္စာ​ကို ပြု​လို​သ​မျှ​မ​ပြု​ရာ​သ​လော။ ငါ့​သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မျက်​မုန်း​ကြိုး​ရ​သ​လော​ဟု ဆို​လေ၏။- ထို​နည်း​တူ နောက်​ကျ​သော​သူ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​တို့​သည် နောက်​ကျ ကြ​လိမ့်​မည်။ ခေါ်​တော်​မူ​သော​သူ အ​များ​ရှိ​သော်​လည်း၊ ရွေး​ကောက်​တော်​မူ​သော​သူ နည်း​သည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။