YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 2:12-23

ရှင်မဿဲ 2:12-23 JBMLE

နောက်​မှ ဟေ​ရုဒ်​မင်း​ကြီး​ထံ​သို့ မ​ပြန်​ရ​မည်​အ​ကြောင်း အိပ်​မက်​တွင် ဗျာ​ဒိတ်​တော်​ကို​ရ၍ မိ​မိ​တို့​ပြည်​သို့ အ​ခြား​သော​လမ်း​ဖြင့် ပြန်​သွား​ကြ၏။- ထို​သူ​တို့ သွား​ကြ​သည်​နောက်၊ ယော​သပ်​သည် အိပ်​မက်​ကို​မြင်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး၍၊ တစ်​ဖန် ငါ​ပြော​ဆို​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လော့။ ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​လိမ့်​မည်​ဟု​ဆို​လေ၏။- ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့်​သူ​ငယ်​တော်​ကို ည​အ​ချိန်၌ ဆောင်​ယူ​ပြီး​လျှင် အဲ​ဂု​တ္တု​ပြည်​သို့ ထွက်​သွား၍၊- ဟေ​ရုဒ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လေ၏။ ဤ​အ​ကြောင်း​အ​ရာ​ကား၊ ငါ့​သား​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ခေါ်​ခဲ့​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ဖြင့် ထား​တော်​မူ​သော​ဗျာ​ဒိတ်​တော် ပြည့်​စုံ​မည် အ​ကြောင်း​တည်း။- ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ​တို့ လှည့်​ဖြား​သည်​ကို​သိ​လျှင်၊ ပြင်း​စွာ​အ​မျက်​ထွက်၍ လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ မာ​ဂု​ပ​ညာ​ရှိ​တို့၌ စေ့​စေ့​မေး​မြန်း​ပြီး​သော ကြယ်၏​အ​ချိန်​ကာ​လ​ကို ထောက်၍၊ ဗက်​လင်​မြို့​မှ​စ​သော ကျေး​လက်​ရှိ​သ​မျှ​တို့၌ နှစ်​နှစ်​အ​ရွယ်​မှ​စ၍ ထို​အ​ရွယ်​အောက်​ယုတ်​သော သူ​ငယ်​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​စေ၏။- ပ​ရော​ဖက်​ယေ​ရ​မိ ဟော​ဖူး​သည်​ကား၊- ရာ​မ​အ​ရပ်၌ သည်း​စွာ​သော​ညည်း​တွား​ငို​ကြွေး မြည်​တမ်း​ခြင်း​အ​သံ​ကို ကြား​ရ၍၊ ရာ​ခေ​လ​သည် မိ​မိ​သား​တို့ မ​ရှိ​သော​ကြောင့် ငို၍​စိတ်​မ​ပြေ​နိုင် ဟူ​သော​စ​ကား​သည် ထို​အ​ခါ၌ အ​မှန်​ကျ​သ​တည်း။- ဟေ​ရုဒ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သည်​နောက်၊ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌ အိပ်​မက်​ကို​မြင်​ပြန်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊- သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို​ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့ သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​အံ့​သော​ငှာ ရှာ​သော​သူ​တို့​သည် သေ​ကြ​ပြီ​ဟု​ဆို​လေ၏။- ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့​သွား၍ ရောက်​သည်​ရှိ​သော်၊- ဟေ​ရုဒ်​မင်း​ကြီး၏​အ​ရာ၌ သား​တော်​အာ​ခေ​လ​သည် ယု​ဒ​ပြည်​တွင် မင်း​ပြု​ကြောင်း​ကို ကြား​ရ​လျှင်၊ ထို​ပြည်​သို့ မ​သွား​ဝံ့၍ အိပ်​မက်၌ ဗျာ​ဒိတ်​တော်​ကို​ရ​ပြန်​ပြီး​မှ ဂါ​လိ​လဲ​ပြည်​သို့​သွား၍၊- ခ​ရစ်​တော်​ကို နာ​ဇ​ရက်​လူ​ဟု ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟူ​သော ပ​ရော​ဖက်​တို့၏ နှုတ်​ထွက်​နှင့်​အ​ညီ၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော​မြို့​သို့ ရောက်၍ အ​မြဲ​နေ​လေ၏။

​ရှင်မဿဲ 2:12-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။