YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 18:10-14

ရှင်မဿဲ 18:10-14 JBMLE

သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။- ထို​မှ​တစ်​ပါး လူ​သား​သည် ပျောက်​သော​သူ​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း။ အ​ဘယ်​သို့ ထင်​ကြ​သ​နည်း။ သိုး​တစ်​ရာ​ရှိ​သော​သူ၌ သိုး​တစ်​ကောင်​သည် လမ်း​လွဲ၍​ပျောက်​လျှင်၊ ထို​သူ​သည် ကိုး​ဆယ်​ကိုး​ကောင်​သော သိုး​တို့​ကို တောင်​ပေါ်​မှာ​ထား​ခဲ့​ပြီး​မှ၊ လမ်း​လွဲ၍​ပျောက်​သော သိုး​တစ်​ကောင်​ကို သွား၍​ရှာ​တတ်​သည် မ​ဟုတ်​လော။- တွေ့​ပြီး​လျှင်၊ လမ်း​မ​လွဲ မ​ပျောက်​သော​သိုး ကိုး​ဆယ်​ကိုး​ကောင်၌ ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ ထို​သိုး​တစ်​ကောင်၌ သာ၍ ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ဟု ငါ​အ​မှန်​ဆို၏။- ထို​နည်း​တူ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဤ​သူ​ငယ်​တစ်​ယောက်​ကို​မျှ ပျက်​စီး​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။