YouVersion Logo
Search Icon

ရှင်မဿဲ 18:10, 11, 12, 13, 14, 15, 16, 17, 19

ရှင်မဿဲ 18:10 JBMLE

သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။

ရှင်မဿဲ 18:11 JBMLE

ထို​မှ​တစ်​ပါး လူ​သား​သည် ပျောက်​သော​သူ​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း။

ရှင်မဿဲ 18:12 JBMLE

အ​ဘယ်​သို့ ထင်​ကြ​သ​နည်း။ သိုး​တစ်​ရာ​ရှိ​သော​သူ၌ သိုး​တစ်​ကောင်​သည် လမ်း​လွဲ၍​ပျောက်​လျှင်၊ ထို​သူ​သည် ကိုး​ဆယ်​ကိုး​ကောင်​သော သိုး​တို့​ကို တောင်​ပေါ်​မှာ​ထား​ခဲ့​ပြီး​မှ၊ လမ်း​လွဲ၍​ပျောက်​သော သိုး​တစ်​ကောင်​ကို သွား၍​ရှာ​တတ်​သည် မ​ဟုတ်​လော။

ရှင်မဿဲ 18:13 JBMLE

တွေ့​ပြီး​လျှင်၊ လမ်း​မ​လွဲ မ​ပျောက်​သော​သိုး ကိုး​ဆယ်​ကိုး​ကောင်၌ ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ ထို​သိုး​တစ်​ကောင်၌ သာ၍ ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ဟု ငါ​အ​မှန်​ဆို၏။

ရှင်မဿဲ 18:14 JBMLE

ထို​နည်း​တူ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဤ​သူ​ငယ်​တစ်​ယောက်​ကို​မျှ ပျက်​စီး​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။

ရှင်မဿဲ 18:15 JBMLE

ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။

ရှင်မဿဲ 18:16 JBMLE

သို့​မ​ဟုတ် သင်၏​စ​ကား​ကို နား​မ​ထောင်​လျှင်။ လူ​နှစ်​ဦး​သုံး​ဦး သက်​သေ​ခံ၍ စ​ကား​ရှိ​သ​မျှ​တို့​ကို တည်​စေ​ခြင်း​ငှာ ကိုယ်​နှင့်​အ​တူ လူ​တစ်​ဦး​နှစ်​ဦး​ကို ခေါ်​ဦး​လော့။

ရှင်မဿဲ 18:17 JBMLE

ထို​သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင် အ​သင်း​တော်​အား ကြား​ပြော​လော့။ အ​သင်း​တော်၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ သာ​သ​နာ​ပ​လူ ကဲ့​သို့​လည်း​ကောင်း၊ အ​ခွန်​ခံ ကဲ့​သို့​လည်း​ကောင်း ထို​သူ​ကို​မှတ်​လော့။

ရှင်မဿဲ 18:19 JBMLE

တစ်​ဖန် ငါ​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့​တွင် နှစ်​ယောက်​တို့​သည် သ​ဘော​ချင်း​တူ၍ ဆု​တောင်း​လျှင်၊ တောင်း​သ​မျှ​သော​ဆု​တို့​ကို ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော်​သည် ပေး​တော်​မူ​လ​တ္တံ့။