YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 17:1-8

ရှင်မဿဲ 17:1-8 JBMLE

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။- သူ​တို့​ရှေ့၌ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့ ထွန်း​တောက်​လျက်၊ အ​ဝတ်​တော်​သည် အ​လင်း​ကဲ့​သို့ ဖြူ​လျက်​ရှိ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ကိုယ်​တော်​နှင့်​အ​တူ စ​ကား​ပြော​လျက် နေ​ကြ၏။- ထို​အ​ခါ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​တို့​သည် ဆောက်​လုပ်​ပါ​မည်​ဟု လျှောက်​လေ၏။- ထို​သို့​လျှောက်​စဉ်​တွင်၊ ထွန်း​လင်း​သော​မိုး​တိမ်​သည် ထို​သူ​တို့​ကို လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ​နှစ်​သက် မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။- တ​ပည့်​တော်​တို့​သည် ကြား​ရ​လျှင်၊ ပျပ်​ဝပ်၍ အ​လွန်​ကြောက်​လန့်​ခြင်း ရှိ​ကြ၏။- ယေ​ရှု​သည်​လာ၍ သူ​တို့​ကို လက်​နှင့် တို့​တော်​မူ​လျက်၊ ထ​ကြ၊ မ​ကြောက်​ကြ​နှင့်​ဟု မိန့်​တော်​မူ​သော်၊- သူ​တို့​သည် ကြည့်​မျှော်​သ​ဖြင့်၊ ယေ​ရှု​တစ်​ယောက်​တည်း မှ​တစ်​ပါး၊ အ​ဘယ်​သူ​ကို​မျှ မ​မြင်​ကြ။

Video for ရှင်မဿဲ 17:1-8