YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 17:1-4

ရှင်မဿဲ 17:1-4 JBMLE

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။- သူ​တို့​ရှေ့၌ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့ ထွန်း​တောက်​လျက်၊ အ​ဝတ်​တော်​သည် အ​လင်း​ကဲ့​သို့ ဖြူ​လျက်​ရှိ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ကိုယ်​တော်​နှင့်​အ​တူ စ​ကား​ပြော​လျက် နေ​ကြ၏။- ထို​အ​ခါ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​တို့​သည် ဆောက်​လုပ်​ပါ​မည်​ဟု လျှောက်​လေ၏။

Video for ရှင်မဿဲ 17:1-4