YouVersion Logo
Search Icon

ရှင်မဿဲ 16:21, 22, 23, 24, 25, 26, 27, 28

ရှင်မဿဲ 16:21 JBMLE

ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။

ရှင်မဿဲ 16:22 JBMLE

ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ ခေါ်၍၊ သ​ခင်၊ ကိုယ်​တော်၌ ဤ​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ဤ​အ​မှု​သည် ကိုယ်​တော်၌ မ​ရောက်​ရာ​ဟု အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊

ရှင်မဿဲ 16:23 JBMLE

ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 16:24 JBMLE

ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။

ရှင်မဿဲ 16:25 JBMLE

အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့် အ​သက်​ရှုံး၏၊ ထို​သူ​သည် အ​သက်​ကို တွေ့​လိမ့်​မည်။

ရှင်မဿဲ 16:26 JBMLE

လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။

ရှင်မဿဲ 16:27 JBMLE

လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။

ရှင်မဿဲ 16:28 JBMLE

ငါ​အ​မှန်​ဆို​သည်​ကား၊ လူ​သား​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သည်​ကို၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် မ​မြင်​မီ သေ​ခြင်း​သို့​မ​ရောက်​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။