YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 16:15-19

ရှင်မဿဲ 16:15-19 JBMLE

သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊- ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ရှိ​မုန်​ဗာ​ယော​န၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​သွေး​အ​သား​သည် ဤ​အ​ကြောင်း​အ​ရာ​ကို သင့်​အား ဖော်​ပြ​သည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ဖော်​ပြ​တော်​မူ​သ​တည်း။- ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။- ကောင်း​ကင်​နိုင်​ငံ​တော်၏ သော့​တို့​ကို​လည်း သင့်​အား ငါ​ပေး​မည်။ သင်​သည် မြေ​ကြီး​ပေါ်​မှာ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊

​ရှင်မဿဲ 16:15-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။