YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 16:13-28

ရှင်မဿဲ 16:13-28 JBMLE

ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် လူ​သား​ဖြစ်​သော ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊- လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊- သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊- ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ရှိ​မုန်​ဗာ​ယော​န၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​သွေး​အ​သား​သည် ဤ​အ​ကြောင်း​အ​ရာ​ကို သင့်​အား ဖော်​ပြ​သည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ဖော်​ပြ​တော်​မူ​သ​တည်း။- ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။- ကောင်း​ကင်​နိုင်​ငံ​တော်၏ သော့​တို့​ကို​လည်း သင့်​အား ငါ​ပေး​မည်။ သင်​သည် မြေ​ကြီး​ပေါ်​မှာ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊- ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။ ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။- ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ ခေါ်၍၊ သ​ခင်၊ ကိုယ်​တော်၌ ဤ​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ဤ​အ​မှု​သည် ကိုယ်​တော်၌ မ​ရောက်​ရာ​ဟု အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊- ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။- အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့် အ​သက်​ရှုံး၏၊ ထို​သူ​သည် အ​သက်​ကို တွေ့​လိမ့်​မည်။- လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။- လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။- ငါ​အ​မှန်​ဆို​သည်​ကား၊ လူ​သား​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သည်​ကို၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် မ​မြင်​မီ သေ​ခြင်း​သို့​မ​ရောက်​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။