YouVersion Logo
Search Icon

ရှင်မဿဲ 16:1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 17, 18, 19, 20

ရှင်မဿဲ 16:1 JBMLE

ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ ချဉ်း​ကပ်၍၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။

ရှင်မဿဲ 16:2 JBMLE

ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ညဉ့်​ဦး​ယံ၌ ပြော​ဆို​တတ်​သည်​ကား၊ ယ​ခု မိုး​တိမ်​နီ​သည်​ဖြစ်၍ မိုး​ကြည်​လင်​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။

ရှင်မဿဲ 16:3 JBMLE

နံ​နက်​ယံ၌​ကား၊ ယ​ခု မိုး​အုံ့​လျက်​ရှိ၏။ နီ​မောင်း​သော​အ​ဆင်း​လည်း ရှိ၏။ ယ​နေ့ မိုး​သက်​မုန်​တိုင်း လာ​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။ လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ကပ်​ကာ​လ၏ နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။

ရှင်မဿဲ 16:4 JBMLE

ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား မ​ပြ​ရာ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ထို​သူ​တို့​ရှိ​ရာ​မှ ထွက်၍ ကြွ​တော်​မူ၏။

ရှင်မဿဲ 16:5 JBMLE

တ​ပည့်​တော်​တို့​သည် ကမ်း​တစ်​ဖက်​သို့ သွား​ကြ​သော​အ​ခါ မုန့်​ကို​ယူ​ခြင်း​ငှာ မေ့​လျော့​ကြ၏။

ရှင်မဿဲ 16:6 JBMLE

ယေ​ရှု​က​လည်း၊ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏​တ​ဆေး​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 16:7 JBMLE

တ​ပည့်​တော်​တို့​က​လည်း၊ ငါ​တို့၌ မုန့်​မ​ပါ​သော​ကြောင့် ဤ​စ​ကား​ကို​မိန့်​တော်​မူ​သည်​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။

ရှင်မဿဲ 16:8 JBMLE

ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ သင်​တို့၌​မုန့်​မ​ပါ​သည်​ကို ထောက်၍ အ​ဘယ်​ကြောင့် အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ​သ​နည်း။

ရှင်မဿဲ 16:9 JBMLE

မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​စား၍ စား​ကြွင်း ဘယ်​နှစ်​တောင်း ကောက်​သိမ်း​သည်​ကို​လည်း​ကောင်း၊ မု​န့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​စား၍ စား​ကြွင်း ဘယ်​နှစ်​တောင်း​ကောက်​သိမ်း​သည်​ကို လည်း​ကောင်း၊

ရှင်မဿဲ 16:10 JBMLE

သင်​တို့​သည် နှ​လုံး​မ​သွင်း မ​အောက်​မေ့​ဘဲ နေ​ကြ​သေး​သ​လော။

ရှင်မဿဲ 16:11 JBMLE

ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ တ​ဆေး​ကို ကြဉ်​ရှောင်​ကြ ဟူ​သော​စ​ကား​ကို ငါ​ပြော​သည်​တွင်၊ မုန့်​ကို​အ​မှတ်​ပြု၍ ငါ​မ​ပြော​သည်​ကို သင်​တို့​သည် နား​မ​လည်​ဘဲ အ​ဘယ်​သို့​နေ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 16:12 JBMLE

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် မုန့်၏​တ​ဆေး​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မ​မူ။ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ ဩ​ဝါ​ဒ​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ​သည်​ကို နား​လည်​ကြ​သ​တည်း။

ရှင်မဿဲ 16:13 JBMLE

ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် လူ​သား​ဖြစ်​သော ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊

ရှင်မဿဲ 16:14 JBMLE

လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊

ရှင်မဿဲ 16:15 JBMLE

သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊

ရှင်မဿဲ 16:17 JBMLE

ယေ​ရှု​က​လည်း၊ ရှိ​မုန်​ဗာ​ယော​န၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​သွေး​အ​သား​သည် ဤ​အ​ကြောင်း​အ​ရာ​ကို သင့်​အား ဖော်​ပြ​သည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ဖော်​ပြ​တော်​မူ​သ​တည်း။

ရှင်မဿဲ 16:18 JBMLE

ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။

ရှင်မဿဲ 16:19 JBMLE

ကောင်း​ကင်​နိုင်​ငံ​တော်၏ သော့​တို့​ကို​လည်း သင့်​အား ငါ​ပေး​မည်။ သင်​သည် မြေ​ကြီး​ပေါ်​မှာ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊

ရှင်မဿဲ 16:20 JBMLE

ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။