YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 15:29-39

ရှင်မဿဲ 15:29-39 JBMLE

ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ၍ ဂါ​လိ​လဲ​အိုင်​နား​သို့ ရောက်​တော်​မူ​လျှင် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ၏။- များ​စွာ​သော​လူ အ​ပေါင်း​တို့​သည် ခြေ​မ​စွမ်း၊ မျက်​စိ​ကန်း၊ စ​ကား​အ၊ အင်္ဂါ​ချို့​တဲ့​သော​သူ​မှ​စ၍ အ​ခြား​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ​ကို ဆောင်​ခဲ့​လျက် အ​ထံ​တော်​သို့ ရောက်​လာ၍ ခြေ​တော်​ရင်း၌ ချ​ထား​ကြ၏။- အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ​သ​ဖြင့်၊ အ​သော​သူ​သည် စ​ကား​ပြော​သည်​ကို​လည်း​ကောင်း၊ ချို့​တဲ့​သော​သူ​သည် ပ​က​တိ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သော​သူ​သည် လှမ်း​သွား​သည်​ကို​လည်း​ကောင်း၊ မျက်​စိ​ကန်း​သော​သူ​သည် မြင်​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​စု​အ​ဝေး​တို့​သည်​မြင်​လျှင် အံ့​ဩ​ခြင်း​သို့​ရောက်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။ ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​နှင့် အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး ရှိ​ပါ​သည်​ဟု ပြန်​လျှောက်​ကြ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ မုန့်​နှင့်​ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ တ​ပည့်​တော်​တို့​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ၊ ကြွင်း​ရစ်​သော အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ ယောက်ျား​လေး​ထောင် ရှိ​သ​တည်း။- ထို​လူ​များ​တို့​ကို လွှတ်​တော်​မူ​ပြီး​မှ၊ လှေ​စီး၍ မာ​ဂ​ဒါ​လ​ကျေး​လက်​သို့ ရောက်​တော်​မူ၏။