YouVersion Logo
Search Icon

ရှင်မဿဲ 15:21, 22, 23, 24, 25, 26, 27, 28, 29, 30, 31, 32, 33, 34, 35, 36, 37, 38, 39

ရှင်မဿဲ 15:21 JBMLE

ယေ​ရှု​သည် ထို​အ​ရပ်​မှ​ထွက်၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊

ရှင်မဿဲ 15:22 JBMLE

ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။

ရှင်မဿဲ 15:23 JBMLE

တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ထို​မိန်း​မ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ငါ​တို့​နောက်​သို့ လိုက်၍ ဟစ်​ကြော်​လျက်​နေ​ပါ​သည်​ဟု တောင်း​လျှောက်​ကြ၏။

ရှင်မဿဲ 15:24 JBMLE

ကိုယ်​တော်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင် ပျောက်​လွင့်​သော သိုး​များ​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​ရှိ​ရာ​သို့ ငါ့​ကို​မ​စေ​လွှတ်​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 15:25 JBMLE

ထို​မိန်း​မ​သည် ချဉ်း​ကပ်၍ ပျပ်​ဝပ်​လျက် ကျွန်​မ​ကို ကယ်​တော်​မူ​ပါ​သ​ခင်​ဟု လျှောက်​ပြန်​လျှင်၊

ရှင်မဿဲ 15:26 JBMLE

ကိုယ်​တော်​က၊ သား၏​အ​စာ​ကို​ယူ၍ ခွေး​အား​မ​ပေး​မ​ချ​အပ်​ဟု ပြန်​ပြော​တော်​မူ၏။

ရှင်မဿဲ 15:27 JBMLE

မိန်း​မ​က​လည်း မှန်​ပါ၏​သ​ခင်၊ ခွေး​မည်​သည်​ကား မိ​မိ​သ​ခင်၏ စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​ကို စား​မြဲ​ထုံး​စံ​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊

ရှင်မဿဲ 15:28 JBMLE

အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။

ရှင်မဿဲ 15:29 JBMLE

ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ၍ ဂါ​လိ​လဲ​အိုင်​နား​သို့ ရောက်​တော်​မူ​လျှင် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ၏။

ရှင်မဿဲ 15:30 JBMLE

များ​စွာ​သော​လူ အ​ပေါင်း​တို့​သည် ခြေ​မ​စွမ်း၊ မျက်​စိ​ကန်း၊ စ​ကား​အ၊ အင်္ဂါ​ချို့​တဲ့​သော​သူ​မှ​စ၍ အ​ခြား​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ​ကို ဆောင်​ခဲ့​လျက် အ​ထံ​တော်​သို့ ရောက်​လာ၍ ခြေ​တော်​ရင်း၌ ချ​ထား​ကြ၏။

ရှင်မဿဲ 15:31 JBMLE

အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ​သ​ဖြင့်၊ အ​သော​သူ​သည် စ​ကား​ပြော​သည်​ကို​လည်း​ကောင်း၊ ချို့​တဲ့​သော​သူ​သည် ပ​က​တိ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သော​သူ​သည် လှမ်း​သွား​သည်​ကို​လည်း​ကောင်း၊ မျက်​စိ​ကန်း​သော​သူ​သည် မြင်​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​စု​အ​ဝေး​တို့​သည်​မြင်​လျှင် အံ့​ဩ​ခြင်း​သို့​ရောက်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

ရှင်မဿဲ 15:32 JBMLE

ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊

ရှင်မဿဲ 15:33 JBMLE

တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊

ရှင်မဿဲ 15:34 JBMLE

ယေ​ရှု​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​နှင့် အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး ရှိ​ပါ​သည်​ဟု ပြန်​လျှောက်​ကြ၏။

ရှင်မဿဲ 15:35 JBMLE

ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။

ရှင်မဿဲ 15:36 JBMLE

မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ မုန့်​နှင့်​ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ တ​ပည့်​တော်​တို့​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။

ရှင်မဿဲ 15:37 JBMLE

လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ၊ ကြွင်း​ရစ်​သော အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။

ရှင်မဿဲ 15:38 JBMLE

စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ ယောက်ျား​လေး​ထောင် ရှိ​သ​တည်း။

ရှင်မဿဲ 15:39 JBMLE

ထို​လူ​များ​တို့​ကို လွှတ်​တော်​မူ​ပြီး​မှ၊ လှေ​စီး၍ မာ​ဂ​ဒါ​လ​ကျေး​လက်​သို့ ရောက်​တော်​မူ၏။