YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 15:10-20

ရှင်မဿဲ 15:10-20 JBMLE

ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့ နား​ထောင် နား​လည်​ကြ​လော့။- ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည် မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သော​အ​ရာ​သည် ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ယ​ခု​မိန့်​တော်​မူ​သော စ​ကား​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​သော​အ​ခါ စေ​တ​နာ​စိတ်​ပျက်​ကြ​သည်​ကို သိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော် စိုက်​တော်​မ​မူ​သော အ​ပင်​ရှိ​သ​မျှ​တို့​ကို နှုတ်​ရ​လိမ့်​မည်။- ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ ထို​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား ဖွင့်​ပြ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ သင်​တို့​သည် ယ​ခု​တိုင်​အောင် ပ​ညာ​မဲ့​လျက် နေ​သေး​သ​လော။- ခံ​တွင်း​သို့​ဝင်​သ​မျှ​သည် ဝမ်း​ထဲ​သို့​ဆင်း၍ ရေ​အိမ်​တွင် စွန့်​ပစ်​သည်​ကို နား​မ​လည်​ကြ​သေး​သ​လော။- ခံ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ နှ​လုံး​ထဲ​က ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။- မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊- လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​ကြ၏။ လက်​မ​ဆေး​ဘဲ​လျက် အ​စာ​ကို​စား​ခြင်း​မူ​ကား၊ လူ​ကို​ညစ်​ညူး​စေ​သည်​မ​ဟုတ်​ဟု မိန့်​တော်​မူ၏။