YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 15:1-11

ရှင်မဿဲ 15:1-11 JBMLE

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ချဉ်း​ကပ်​ပြီး​လျှင်၊- ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​ကို ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​ပါ​သ​နည်း။ သူ​တို့​သည် လက်​မ​ဆေး​ဘဲ အ​စာ​စား​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို အ​မှီ​ပြု၍ ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။- ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု​လာ​သ​တည်း။- သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို၊ သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု ဖြစ်​စေ​ဟု​ဆို၏၊- ထို​သူ​သည် ကိုယ်​မိ​ဘ​ကို​ပင် ရို​သေ​စွာ​မ​ပြု​ရ​ဟု ဆို၏။ ထို​သို့​သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို ပယ်​ကြ၏။- လျှို့​ဝှက်​သော​သူ​တို့၊ ဟေ​ရှာ​ယ​သည် သင်​တို့​ကို​ရည်​မှတ်​လျက် ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍ နှုတ်​ခမ်း​နှင့် ငါ့​ကို ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။- လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​သ​ပေး​လျက်​ပင် ငါ့​ကို အ​ချည်း​နှီး​ကိုး​ကွယ်​ကြ၏​ဟု- နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့ နား​ထောင် နား​လည်​ကြ​လော့။- ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည် မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သော​အ​ရာ​သည် ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။