YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 14:28-33

ရှင်မဿဲ 14:28-33 JBMLE

ပေ​တ​ရု​က​လည်း၊ သ​ခင် ကိုယ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရေ​ပေါ်​မှာ လာ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- လာ​ခဲ့​လော့​ဟု မိန့်​တော်​မူ၏။ ပေ​တ​ရု​သည် လှေ​ပေါ်​က​ဆင်း၍ ယေ​ရှု​ထံ​သို့​ရောက်​အံ့​သော​ငှာ ရေ​ပေါ်​မှာ လှမ်း​သွား၏။- လေ​ပြင်း​သည်​ကို​မြင်​လျှင် ကြောက်​လန့်၍ နစ်​မွန်း​လု​သည်​ရှိ​သော်၊ ကယ်​မ​တော်​မူ​ပါ​သ​ခင်​ဟု ဟစ်​ကြော်​လေ၏။- ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။- လှေ​ပေါ်​သို့​ရောက်​ကြ​လျှင် လေ​သည် ငြိမ်း​လေ၏။- လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပြပ်၍ လျှောက်​ကြ၏။

​ရှင်မဿဲ 14:28-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။