YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 14:22-36

ရှင်မဿဲ 14:22-36 JBMLE

ယေ​ရှု​သည် စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက်​သို့ အ​ရင် ကူး​စေ​တော်​မူ၏။- စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ ပြု​အံ့​သော​ငှာ တောင်​ပေါ်၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ တက်​ကြွ​သ​ဖြင့်၊ ည​အ​ချိန် ရောက်​သော​အ​ခါ၊ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။- လှေ​မူ​ကား အိုင်​အ​လယ်၌​ရှိ၍ လေ​မ​သင့်​သော​ကြောင့် လှိုင်း​တံ​ပိုး​လှုပ်​ရှား​ခြင်း​ကို ပြင်း​စွာ​ခံ​ရ၏။- ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​လျက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ကြွ​တော်​မူ၏။- ထို​သို့ အိုင်​ပေါ်​မှာ​စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင် ထိတ်​လန့်၍၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု ကြောက်​သော​စိတ်​နှင့် အော်​ဟစ်​ကြ၏။- ယေ​ရှု​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်။ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ သ​ခင် ကိုယ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရေ​ပေါ်​မှာ လာ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- လာ​ခဲ့​လော့​ဟု မိန့်​တော်​မူ၏။ ပေ​တ​ရု​သည် လှေ​ပေါ်​က​ဆင်း၍ ယေ​ရှု​ထံ​သို့​ရောက်​အံ့​သော​ငှာ ရေ​ပေါ်​မှာ လှမ်း​သွား၏။- လေ​ပြင်း​သည်​ကို​မြင်​လျှင် ကြောက်​လန့်၍ နစ်​မွန်း​လု​သည်​ရှိ​သော်၊ ကယ်​မ​တော်​မူ​ပါ​သ​ခင်​ဟု ဟစ်​ကြော်​လေ၏။- ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။- လှေ​ပေါ်​သို့​ရောက်​ကြ​လျှင် လေ​သည် ငြိမ်း​လေ၏။- လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပြပ်၍ လျှောက်​ကြ၏။ ကမ်း​တစ်​ဖက်​သို့​ကူး​လျှင် ဂင်္နေ​သ​ရက်​နယ်​သို့ ရောက်​ကြ၏။- ထို​အ​ရပ်​သား​တို့​သည် မျက်​နှာ​တော်​ကို မှတ်​မိ​လျှင်၊ ပတ်​ဝန်း​ကျင်​အ​ရပ် ရှိ​သ​မျှ​သို့ စေ​လွှတ်​သ​ဖြင့် လူ​နာ​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့၍၊- အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ​သာ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

​ရှင်မဿဲ 14:22-36 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။