YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 14:13-21

ရှင်မဿဲ 14:13-21 JBMLE

ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​ရပ်​မှ​ထွက်၍ လှေ​ကို​စီး​လျက် တော၌​ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် ကြား​သိ​ရ​လျှင်၊ မြို့​ရွာ​မှ​ထွက်၍ ကုန်း​ကြောင်း​လိုက်​ကြ၏။- ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ ညဉ့်​ဦး​ယံ၌ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။ လူ​အ​စု​အ​ဝေး​တို့​သည် မြို့​ရွာ​သို့​သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ သွား​ရ​သော​အ​ကြောင်း​မ​ရှိ။ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ထို​မုန့်​နှင့် ငါး​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြက်​ပင်​ပေါ်​မှာ လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- တ​ပည့်​တော်​တို့​သည်​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။ လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ၊ ယောက်ျား​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။