YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 13:18-30

ရှင်မဿဲ 13:18-30 JBMLE

မျိုး​စေ့​ကြဲ​သော​သူ၏ ဥ​ပ​မာ​အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​ထောင်​ကြ​လော့။- လမ်း၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ နိုင်​ငံ​တော်၏ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​မ​သွင်း​သည် ရှိ​သော်၊ နတ်​ဆိုး​လာ၍ နှ​လုံး၌​ကြဲ​သော​အ​စေ့​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။- ကျောက်​ပေါ​သော​အ​ရပ်၌ အ​စေ့​ကို​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ချက်​ချင်း​ခံ​ယူ​သော်​လည်း၊- စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​တည်​သ​ဖြင့်၊ တ​ရား​စ​ကား​ကြောင့် အ​မှု​အ​ခင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​အ​ခါ ချက်​ချင်း​ဖောက်​ပြန်​တတ်​သည်​ဟု ဆို​လို​သ​တည်း။- ဆူး​ပင်​တို့​တွင် အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား တ​ရား​စ​ကား​ကို​ကြား၍ လော​ကီ​အ​မှု၌ စိုး​ရိမ်​ခြင်း​နှင့် စည်း​စိမ်​ဥ​စ္စာ၏ လှည့်​စား​ခြင်း​သည် တ​ရား​စ​ကား​ကို လွှမ်း​မိုး​ညှဉ်း​ဆဲ​တတ်​သော​ကြောင့် အ​သီး​မ​သီး​နိုင်​ဟု ဆို​လို​သ​တည်း။- ကောင်း​သော​မြေ၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​သွင်း​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​တတ်​သည်​ဟု ဆို​လို​သ​တည်း​ဟု မိန့်​တော်​မူ၏။ အ​ခြား​သော ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​သော​သူ​နှင့် တူ၏။- လူ​တို့​သည် အိပ်​ပျော်​သော​အ​ခါ သူ၏​ရန်​သူ​သည်​လာ၍ ကောင်း​သော​စ​ပါး​နှင့် လ​က္ခ​ဏာ​တူ​သော တော​မျိုး​စေ့​ကို စ​ပါး​အ​ထဲ၌ ကြဲ၍​သွား​လေ၏။- အ​ပင်​ပေါက်၍ အ​သီး​အ​နှံ​ထွက်​သော​အ​ခါ၊ တော​ပင်​များ​လည်း ထင်​ရှား​လျှင်၊- ကျွန်​တို့​သည် အိမ်​ရှင်​ထံ​သို့​သွား၍ သ​ခင်၊ ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​တော်​မူ​သည် မ​ဟုတ်​လော။ တော​ပင်​တို့​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု လျှောက်​ကြ​လျှင်၊- အိမ်​ရှင်​က ဤ​အ​မှု​ကား ရန်​သူ​ပြု​သော​အ​မှု​တည်း​ဟု ဆို၏။ အ​ကျွန်ုပ်​တို့​သည် သွား၍ တော​ပင်​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​သ​လော​ဟု လျှောက်​ကြ​လျှင်၊- အိမ်​ရှင်​က ထို​သို့ ငါ​အ​လို​မ​ရှိ။ တော​ပင်​တို့​ကို ရွေး​နုတ်​လျှင် စ​ပါး​ပင်​တို့​ကို​ရော​နှော၍ နုတ်​မိ​မည် စိုး​ရိမ်​စ​ရာ​အ​ကြောင်း​ရှိ၏။- စ​ပါး​ရိတ်​သည်​ကာ​လ​တိုင်​အောင် အ​ပင်​နှစ်​မျိုး​တို့​သည် အ​တူ ကြီး​ပွား​ပါ​လေ​စေ။ စ​ပါး​ရိတ်​သည်​ကာ​လ ရောက်​လျှင်၊ တော​ပင်​တို့​ကို ရှေ့​ဦး​စွာ​ရွေး​နုတ်၍ မီး​ရှို့​ခြင်း​ငှာ စည်း​နှောင်​ကြ​လော့။ စ​ပါး​ကို​ကား ကျီ၌​စု​သိမ်း သွင်း​ထား​ကြ​လော့​ဟု ရိတ်​သော​သူ​တို့​အား ငါ​စီ​ရင်​မည်​ဟု အိမ်​ရှင်​ဆို​သည်​ဟု မိန့်​တော်​မူ၏။