YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 13:13-15

ရှင်မဿဲ 13:13-15 JBMLE

ထို​ကြောင့် သူ​တို့​သည် မြင်​လျက်​မ​မြင်၊ ကြား​လျက်​မ​ကြား၊ အ​နက်​ကို​လည်း နား​မ​လည်​သော​ကြောင့် ဥ​ပ​မာ​ကို​ဆောင်၍ ငါ​ဟော​ပြော၏။- ဟေ​ရှာ​ယ ဟော​ဖူး​သော အ​နာ​ဂတ်​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​သည် ကြား​လျက်​ပင် အ​နက်​ကို​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ဤ​လူ​မျိုး​သည် မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့ အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည် တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏ ဟူ​သော​စ​ကား​သည် ဤ​လူ​တို့၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။