YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 13:1-9

ရှင်မဿဲ 13:1-9 JBMLE

ထို​နေ့၌ ယေ​ရှု​သည် အိမ်​က​ထွက်၍ အိုင်​နား​မှာ ထိုင်​နေ​တော်​မူ​သည်​တွင်၊- များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍ စု​ဝေး​လျက်​ရှိ​ကြ​သော​ကြောင့်၊ လှေ​ထဲ​သို့​ဝင်၍ ထိုင်​တော်​မူ၏။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကုန်း​ပေါ်​မှာ ရပ်​နေ​ကြ၏။- ထို​အ​ခါ ဥ​ပ​မာ​စ​ကား​များ​တို့​ကို မြွက်​ဆို​တော်​မူ​သည်​မှာ၊ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။- အ​စေ့​ကို​ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ငှက်​တို့​သည် လာ၍​ကောက်​စား​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် မြေ​နည်း၍ ကျောက်​ပေါ​များ​သော အ​ရပ်၌​ကျ​သ​ဖြင့်၊ မြေ​တိမ်​သော​ကြောင့် ချက်​ချင်း အ​ပင်​ပေါက်​သော်​လည်း၊- နေ​ထွက်​သော​အ​ခါ ပူ​လောင်​သည်​ဖြစ်၍ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ဆူး​ပင်​တို့​တွင် ကျ​သ​ဖြင့်၊ ဆူး​ပင်​တို့​သည် ကြီး​ပွား၍ ညှဉ်း​ဆဲ​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏။- ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။

​ရှင်မဿဲ 13:1-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။