YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 12:9-38

ရှင်မဿဲ 12:9-38 JBMLE

ထို​အ​ရပ်​မှ ကြွ၍ တ​ရား​ဇ​ရပ်​သို့ ဝင်​တော်​မူ၏။ လက်​တစ်​ဖက် သေ​သော​သူ​တစ်​ယောက် ရှိ​သည်​ဖြစ်၍၊- လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ မိ​မိ၌ သိုး​တစ်​ကောင်​တည်း​ရှိ၍ ထို​သိုး​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင်၊ မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​တွင် ရှိ​သ​လော။- လူ​သည် သိုး​ထက် အ​လွန်​မြတ်​ပေ၏။ ထို​ကြောင့်​ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သည်​ဟု ပြန်​ပြော​တော်​မူ​ပြီး​မှ၊- ထို​သူ​အား၊ သင်၏​လက်​ကို ဆန့်​လော့​ဟု မိန့်​တော်​မူ၍၊ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင် ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။- ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု တိုင်​ပင်​ကြ၏။- ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။- ထို​သူ​တို့​သည် သ​တင်း​တော်​ကို မ​ဖွင့်​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။- ထို​အ​ကြောင်း​အ​ရာ​ကား၊ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ နှုတ်​ထွက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။ နှုတ်​ထွက်​အ​ချက် ဟူ​မူ​ကား၊- ငါ​ရွေး​ချယ်​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။- ငြင်း​ခုံ​ခြင်း၊ ဟစ်​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။- နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို​မ​ချိုး၊ မီး​ခိုး​များ​သော မီး​စာ​ကို​မ​သတ်။ တ​ရား​သည် အောင်​မြင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။- သူ၏​နာ​မ​ကို​လည်း လူ​အ​မျိုး​မျိုး​တို့​သည်​ကိုး​စား​ကြ​လိမ့်​မည်​ဟု ဟော​ထား​သ​တည်း။ ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။- လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည်​မိန်း​မော​တွေ​ဝေ၍ ဤ​သူ​သည် ဒါ​ဝိဒ်၏​သား​တော် ဖြစ်​လိမ့်​မည်​လော​ဟု ပြော​ဆို​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် ကြား​လျှင်၊ ဤ​သူ​သည် နတ်​ဆိုး​မင်း​ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍​သာ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ မြို့​ရွာ​ဖြစ်​စေ၊ အိမ်​ဖြစ်​စေ၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- စာ​တန်​သည်​လည်း စာ​တန်​ကို​နှင်​ထုတ်​သည်​မှန်​လျှင်၊ သူ​သည် မိ​မိ​နှင့် ကွဲ​ပြား၏။ သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့ တည်​နိုင်​မည်​နည်း။- ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ သင်​တို့၏​သား​တို့​သည် အ​ဘယ်​သူ​ကို အ​မှီ​ပြု၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို​ကြောင့် သူ​တို့​သည် သင်​တို့​အား တ​ရား​စီ​ရင်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။- ငါ​သည် ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။- သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ အ​ဘယ်​သူ​သည် သူ​ရဲ​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို လု​ယူ​နိုင်​အံ့​နည်း။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။- ငါ့​ဘက်၌ မ​နေ​သော​သူ​သည် ငါ့​ရန်​ဘက်​ဖြစ်၏။ ငါ​နှင့်​အ​တူ မ​စု​မ​သိမ်း​သော​သူ​သည် ကြဲ​ဖြန့်​သော​သူ ဖြစ်၏။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။- လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို​လည်း လွှတ်​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နှုတ်​ဖြင့် ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ မ​လွှတ်​နိုင်။- အ​သီး​အား​ဖြင့် အ​ပင်၏​သ​ဘော ထင်​ရှား​သည်​ဖြစ်၍၊ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု ဆို​ကြ​လော့။ အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု ဆို​ကြ​လော့။- အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။- ကောင်း​သော​သူ​သည် ကောင်း​သော​စိတ်​နှ​လုံး​ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။- ငါ​ဆို​သည်​ကား၊ လူ​တို့​သည် အ​ကျိုး​မဲ့​သော​စ​ကား​ကို ပြော​သ​မျှ​အ​တွက်၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။ သင့်​စ​ကား​များ​အား​ဖြင့် သင်​သည် အ​ပြစ်​လွတ်​လိမ့်​မည်။- သို့​မ​ဟုတ် သင့်​စ​ကား​များ​အား​ဖြင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ အ​ချို့​သော​ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ကို မြင်​ချင်​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊