YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 12:29-32

ရှင်မဿဲ 12:29-32 JBMLE

သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ အ​ဘယ်​သူ​သည် သူ​ရဲ​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို လု​ယူ​နိုင်​အံ့​နည်း။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။- ငါ့​ဘက်၌ မ​နေ​သော​သူ​သည် ငါ့​ရန်​ဘက်​ဖြစ်၏။ ငါ​နှင့်​အ​တူ မ​စု​မ​သိမ်း​သော​သူ​သည် ကြဲ​ဖြန့်​သော​သူ ဖြစ်၏။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။- လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို​လည်း လွှတ်​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နှုတ်​ဖြင့် ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ မ​လွှတ်​နိုင်။