YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 12:22-50

ရှင်မဿဲ 12:22-50 JBMLE

ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။- လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည်​မိန်း​မော​တွေ​ဝေ၍ ဤ​သူ​သည် ဒါ​ဝိဒ်၏​သား​တော် ဖြစ်​လိမ့်​မည်​လော​ဟု ပြော​ဆို​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် ကြား​လျှင်၊ ဤ​သူ​သည် နတ်​ဆိုး​မင်း​ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍​သာ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ မြို့​ရွာ​ဖြစ်​စေ၊ အိမ်​ဖြစ်​စေ၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- စာ​တန်​သည်​လည်း စာ​တန်​ကို​နှင်​ထုတ်​သည်​မှန်​လျှင်၊ သူ​သည် မိ​မိ​နှင့် ကွဲ​ပြား၏။ သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့ တည်​နိုင်​မည်​နည်း။- ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ သင်​တို့၏​သား​တို့​သည် အ​ဘယ်​သူ​ကို အ​မှီ​ပြု၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို​ကြောင့် သူ​တို့​သည် သင်​တို့​အား တ​ရား​စီ​ရင်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။- ငါ​သည် ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။- သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ အ​ဘယ်​သူ​သည် သူ​ရဲ​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို လု​ယူ​နိုင်​အံ့​နည်း။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။- ငါ့​ဘက်၌ မ​နေ​သော​သူ​သည် ငါ့​ရန်​ဘက်​ဖြစ်၏။ ငါ​နှင့်​အ​တူ မ​စု​မ​သိမ်း​သော​သူ​သည် ကြဲ​ဖြန့်​သော​သူ ဖြစ်၏။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။- လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို​လည်း လွှတ်​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နှုတ်​ဖြင့် ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ မ​လွှတ်​နိုင်။- အ​သီး​အား​ဖြင့် အ​ပင်၏​သ​ဘော ထင်​ရှား​သည်​ဖြစ်၍၊ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု ဆို​ကြ​လော့။ အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု ဆို​ကြ​လော့။- အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။- ကောင်း​သော​သူ​သည် ကောင်း​သော​စိတ်​နှ​လုံး​ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။- ငါ​ဆို​သည်​ကား၊ လူ​တို့​သည် အ​ကျိုး​မဲ့​သော​စ​ကား​ကို ပြော​သ​မျှ​အ​တွက်၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။ သင့်​စ​ကား​များ​အား​ဖြင့် သင်​သည် အ​ပြစ်​လွတ်​လိမ့်​မည်။- သို့​မ​ဟုတ် သင့်​စ​ကား​များ​အား​ဖြင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ အ​ချို့​သော​ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ကို မြင်​ချင်​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။- ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​မှာ သုံး​ရက်​နေ​ရ​သ​ကဲ့​သို့၊ လူ​သား​သည် မြေ​ကြီး​ထဲ​မှာ သုံး​ရက်​နေ​ရ​လ​တ္တံ့။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ၊ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မြို့​သား​တို့​သည် ယော​န​ဟော​ပြော​သော စ​ကား​ကြောင့် နောင်​တ​ရ​ကြ၏။ ဤ​အ​ရပ်၌​ကား၊ ယော​န​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။- တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည်၊ ဤ​လူ​မျိုး​တစ်​ဖက်၌ ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။- ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​က​ထွက်​လျှင်၊ ခြောက်​ကပ်​သော အ​ရပ်​တို့၌​လည်၍ ငြိမ်​ဝပ်​ခြင်း​ကို ရှာ​တတ်၏။- မ​တွေ့​လျှင် ငါ​သည် ထွက်​ခဲ့​သော နေ​မြဲ​အိမ်​သို့ ပြန်​ရ​ဦး​မည်​ဟု​ဆို၍၊ ရောက်​သော​အ​ခါ ထို​အိမ်​သည် လွတ်​လပ်၍ သုတ်​သင်​ပြင်​ဆင်​လျက် ရှိ​သည်​ကို တွေ့​သော်၊- မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍​နေ​ကြ၏။ ထို​လူ၏ နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက် သာ၍​ဆိုး၏။ ဆိုး​ညစ်​သော ဤ​လူ​မျိုး၌ ထို​နည်း​တူ​ဖြစ်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။- လူ​တစ်​ယောက်​က​လည်း၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​နှင့်​နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က၊ ငါ့​အ​မိ၊ ငါ့​ညီ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ၏။- လက်​တော်​ကို​လည်း​ဆန့်၍ တ​ပည့်​တော်​တို့​ကို ညွှန်​လျက်၊ ဤ​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ပေ​တည်း။- ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

​ရှင်မဿဲ 12:22-50 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။