YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 12:22-37

ရှင်မဿဲ 12:22-37 JBMLE

ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။- လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည်​မိန်း​မော​တွေ​ဝေ၍ ဤ​သူ​သည် ဒါ​ဝိဒ်၏​သား​တော် ဖြစ်​လိမ့်​မည်​လော​ဟု ပြော​ဆို​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် ကြား​လျှင်၊ ဤ​သူ​သည် နတ်​ဆိုး​မင်း​ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍​သာ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ မြို့​ရွာ​ဖြစ်​စေ၊ အိမ်​ဖြစ်​စေ၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။- စာ​တန်​သည်​လည်း စာ​တန်​ကို​နှင်​ထုတ်​သည်​မှန်​လျှင်၊ သူ​သည် မိ​မိ​နှင့် ကွဲ​ပြား၏။ သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့ တည်​နိုင်​မည်​နည်း။- ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ သင်​တို့၏​သား​တို့​သည် အ​ဘယ်​သူ​ကို အ​မှီ​ပြု၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို​ကြောင့် သူ​တို့​သည် သင်​တို့​အား တ​ရား​စီ​ရင်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။- ငါ​သည် ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။- သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ အ​ဘယ်​သူ​သည် သူ​ရဲ​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို လု​ယူ​နိုင်​အံ့​နည်း။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။- ငါ့​ဘက်၌ မ​နေ​သော​သူ​သည် ငါ့​ရန်​ဘက်​ဖြစ်၏။ ငါ​နှင့်​အ​တူ မ​စု​မ​သိမ်း​သော​သူ​သည် ကြဲ​ဖြန့်​သော​သူ ဖြစ်၏။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။- လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို​လည်း လွှတ်​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နှုတ်​ဖြင့် ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ မ​လွှတ်​နိုင်။- အ​သီး​အား​ဖြင့် အ​ပင်၏​သ​ဘော ထင်​ရှား​သည်​ဖြစ်၍၊ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု ဆို​ကြ​လော့။ အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု ဆို​ကြ​လော့။- အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။- ကောင်း​သော​သူ​သည် ကောင်း​သော​စိတ်​နှ​လုံး​ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။- ငါ​ဆို​သည်​ကား၊ လူ​တို့​သည် အ​ကျိုး​မဲ့​သော​စ​ကား​ကို ပြော​သ​မျှ​အ​တွက်၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။ သင့်​စ​ကား​များ​အား​ဖြင့် သင်​သည် အ​ပြစ်​လွတ်​လိမ့်​မည်။- သို့​မ​ဟုတ် သင့်​စ​ကား​များ​အား​ဖြင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

​ရှင်မဿဲ 12:22-37 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။