YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 11:2-19

ရှင်မဿဲ 11:2-19 JBMLE

ခ​ရစ်​တော်​ပြု​တော်​မူ​သော အ​မှု​တို့​ကို ယော​ဟန်​သည် ထောင်​ထဲ​မှာ ကြား​သော​အ​ခါ၊ မိ​မိ​တ​ပည့်​နှစ်​ယောက်​ကို စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ မှန်​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် ကြား​ရ​သ​မျှ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။- မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။- ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ၏။- ထို​သူ​တို့​သည် သွား​ကြ​သည်​နောက် ယေ​ရှု​သည် ယော​ဟန်​ကို​အ​ကြောင်း​ပြု၍ ပ​ရိ​သတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။- သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ နူး​ညံ့​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။- ပ​ရော​ဖက်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ မှန်​ပေ၏။ ပ​ရော​ဖက်​ထက် ကြီး​မြတ်​သော​သူ​လည်း ဖြစ်​သည်​ဟု ငါ​ဆို၏။- ကျမ်း​စာ၌​လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို​သင့်​ရှေ့၌ ငါ​စေ​လွှတ်၏​ဟု ဆို​ရာ၌ ထို​သူ​ကို ဆို​လို​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ တစ်​ယောက်​မျှ မ​ပေါ်​မ​ထွန်း​သေး။ သို့​သော်​လည်း ကောင်း​ကင်​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍ ကြီး​မြတ်၏။- ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​လက်​ထက်​မှ​စ၍ ယ​ခု​တိုင်​အောင် ကောင်း​ကင်​နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ အ​နိုင်​အ​ထက်​ပြု​သော​သူ​တို့​သည်​လည်း လု​ယူ​ဝင်​စား​ရ​ကြ၏။- ယော​ဟန်​မ​ရောက်​မီ​တိုင်​အောင် ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း ရှိ​သ​မျှ​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။- သင်​တို့​သည် ငါ့​စ​ကား​ကို နား​ခံ​နိုင်​လျှင်၊ ဤ​သူ​ကား လာ​လ​တ္တံ့​သော ဧ​လိ​ယ​ဖြစ်​သ​တည်း။- ကြား​စ​ရာ​နား ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။- ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ ပွဲ​သ​ဘင်၌​ထိုင်​နေ​သော သူ​ငယ်​တို့​သည် မိ​မိ​သူ​ငယ်​ချင်း​တို့​အား အ​သံ​ကို​လွှင့်၍၊- ငါ​တို့​သည် သာ​ယာ​စွာ တီး​မှုတ်​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ညည်း​တွား​စွာ မြည်​တမ်း​သော်​လည်း မ​ငို​ကြွေး​ကြ​ဟု ပြော​ဆို​သော​သူ​ငယ်​တို့​နှင့် ဤ​လူ​မျိုး​သည် တူ​လှ၏။- အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် မ​စား​မ​သောက်​ဘဲ လာ​သည်​ရှိ​သော်၊ သူ​တို့​က ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော​သူ ပါ​တ​ကား​ဟု ဆို​ကြ၏။- လူ​သား​သည် စား​သောက်​လျက်​လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက် ကြူး​သော​သူ​ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။ သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်​သည် ဟု မိန့်​တော်​မူ၏။

Video for ရှင်မဿဲ 11:2-19