YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 10:37-42

ရှင်မဿဲ 10:37-42 JBMLE

အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။- အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။- မိ​မိ​အ​သက်​ကို တွေ့​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ ငါ့​ကြောင့် မိ​မိ​အ​သက်​ရှုံး​သော​သူ​မူ​ကား အ​သက်​ကို တွေ့​လိမ့်​မည်။- သင်​တို့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ၏။- ပ​ရော​ဖက်၏ မျက်​နှာ​ကို​ထောက်၍၊ ပ​ရော​ဖက်​ကို လက်​ခံ​သော​သူ​သည် ပ​ရော​ဖက်၏​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့၊ ဖြောင့်​မတ်​သော​သူ၏ မျက်​နှာ​ကို​ထောက်၍၊ ဖြောင့်​မတ်​သော​သူ​ကို​လက်​ခံ​သော​သူ​သည် ဖြောင့်​မတ်​သော​သူ၏​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့။- အ​ကြင်​သူ​သည် တ​ပည့်​တော်၏ မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို​သည်​ဟု မှာ​ထား​တော်​မူ၏။