YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 10:34-39

ရှင်မဿဲ 10:34-39 JBMLE

မြေ​ပေါ်​သို့ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဓား​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သ​တည်း။ အ​ဘ​နှင့် သား၊ အ​မိ​နှင့် သ​မီး၊ ယော​က္ခ​မ​နှင့် ချွေး​မ​အ​ချင်း​ချင်း ကွဲ​ပြား​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။- ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ ဖြစ်​ကြ​လိမ့်​မည်။- အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။- အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။- မိ​မိ​အ​သက်​ကို တွေ့​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ ငါ့​ကြောင့် မိ​မိ​အ​သက်​ရှုံး​သော​သူ​မူ​ကား အ​သက်​ကို တွေ့​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။