YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 1:18-23

ရှင်မဿဲ 1:18-23 JBMLE

ယေ​ရှု​ခ​ရစ်​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍ မ​ယှက်​တင်​မီ​တွင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့် ပ​ဋိ​သ​န္ဓေ​စွဲ​နေ၏။ သူ၏​ခင်​ပွန်း​ယော​သပ်​သည် သူ​တော်​ကောင်း​ဖြစ်၍၊ မာ​ရိ​အ​သ​ရေ​ကို မ​ပျက်​စေ​ချင်​သော​ကြောင့် တိတ်​ဆိတ်​စွာ​စွန့်​ပယ်​မည်​ဟု အ​ကြံ​ရှိ၏။- ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။- သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။- ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော် ပြည့်​စုံ​မည် အ​ကြောင်း​အ​တည်း။- ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​ကြ​လ​တ္တံ့​ဟု လာ​သ​တည်း။ ဧ​မာ​နွေ​လ​အ​နက်​ကား ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ဟု ဆို​လို​သ​တည်း။

​ရှင်မဿဲ 1:18-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။