YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 3:6-12

မာလခိ 3:6-12 JBMLE

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ပြောင်း​လဲ​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ယာ​ကုပ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ကြ။ ဘိုး​ဘေး​တို့ လက်​ထက်​မှ​စ၍ သင်​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်၊ တိမ်း​ရှောင်​ကြ​ပြီ။ ငါ​ထံ​သို့ ပြန်​လာ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​ဆီ​သို့ ပြန်​လာ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ ပြန်​လာ​ရ​ပါ​မည်​နည်း​ဟု သင်​တို့​မေး​ကြ​သည်​တ​ကား။ လူ​သည် ဘု​ရား​သ​ခင်၏​ဥ​စ္စာ​တော်​ကို လု​ယူ​ရ​မည်​လော။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ လု​ယူ​ပါ​သ​နည်း​ဟု သင်​တို့​မေး​လျှင်၊ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ကောင်း လု​ယူ​ကြ​ပြီ။ သင်​တို့​သည် ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ကိုက်​စား​တတ်​သော အ​ကောင်​ကို သင်​တို့​အ​တွက် ငါ​ဆုံး​မ၍၊ သင်​တို့၏ မြေ​အ​သီး​အ​နှံ​ကို မ​ဖျက်​ဆီး​ရ။ သင်​တို့၏​စ​ပျစ်​ဥ​ယျာဉ်​သည် အ​သီး​မ​သီး​ဘဲ မ​နေ​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လူ​မျိုး​အ​ပေါင်း​တို့​သည် သင်​တို့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။ သင်​တို့ ပြည်​သည်​လည်း နှစ်​သက်​ဖွယ်​သော ပြည်​ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။