YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 3:1-4

မာလခိ 3:1-4 JBMLE

ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လာ​တော်​မူ​သော​နေ့​ရက်​ကို အ​ဘယ်​သူ​သည် မ​တိမ်း​မ​ရှောင်​ဘဲ နေ​လိမ့်​မည်​နည်း။ ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည် ခံ​ရပ်​လိမ့်​မည်​နည်း။ ထို​သ​ခင်​သည် ငွေ​စစ်​သော​သူ၏​မီး၊ ခ​ဝါ​သည်​သုံး​သော ဆပ်​ပြာ​ကဲ့​သို့ ဖြစ်​တော်​မူ​မည်။ ငွေ​ကို​ချွတ်၍ သန့်​ရှင်း​စေ​သော​သူ​ကဲ့​သို့​ထိုင်​လျက် ရွှေ​ငွေ​ကို ချွတ်​သ​ကဲ့​သို့၊ လေ​ဝိ​သား​တို့​ကို​ချွတ်၍ သန့်​ရှင်း​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဖြစ်၍ ဖြောင့်​မတ်​ခြင်း​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ပူ​ဇော်​သ​ကာ​သည် ရှေး​လွန်​လေ​ပြီး​သော နှစ်၊ လ၊ နေ့​ရက်​ကာ​လ၌ ဖြစ်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်​လိမ့်​မည်။