တစ်ဖန် သင်တို့ပြုသော အမှုဟူမူကား၊ ထာဝရဘုရား၏ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ။ ထိုကြောင့်၊ ပူဇော်သကာကိုမှတ်တော်မမူ။ သင်တို့လက်မှ နှစ်သက်သောစိတ်နှင့် ခံတော်မမူ။ အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင်၊ သင့်အသက်ပျိုစဉ်အခါ လက်ထပ်၍ နောက်တစ်ဖန် သစ္စာမစောင့်၊ ပြစ်မှားသော မယားတစ်ဖက်နှင့် သင့်တစ်ဖက်၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင်၏အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့် ဆိုင်သောမယားဖြစ်သတည်း။ တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူပြီမဟုတ်လော။ သို့သော်လည်း၊ ကိုယ်တော်၌ ဝိညာဉ်တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။
မာလခိ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မာလခိ 2:13-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ