YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 2:10-17

မာလခိ 2:10-17 JBMLE

ခပ်​သိမ်း​သော​ငါ​တို့၌ တစ်​ပါး​တည်း​သော​အ​ဘ ရှိ​သည်​မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ရှုတ်​ချ၍၊ ငါ​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် သ​စ္စာ​ဖျက်​ကြ​သ​နည်း။ ယု​ဒ​အ​မျိုး​သည် သ​စ္စာ​ပျက်၏။ ဣ​သ​ရေ​လ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ရွံ့​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ကြ၏။ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော သန့်​ရှင်း​ခြင်း​တ​ရား​တော်​ကို ရှုတ်​ချ၍၊ တစ်​ပါး​အ​မျိုး​ဘု​ရား၏​သ​မီး​နှင့် လက်​ထပ်​ပါ​သည်​တ​ကား။ ထို​သို့​ပြု​သော ဆ​ရာ​နှင့် တ​ပည့်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​တဲ​တို့​မှ ပယ်​ဖြတ်​တော်​မူ​မည်။ တစ်​ဖန် သင်​တို့​ပြု​သော အ​မှု​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို မျက်​ရည်​ကျ​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့် ဖုံး​အုပ်​ကြ​ပြီ။ ထို​ကြောင့်၊ ပူ​ဇော်​သ​ကာ​ကို​မှတ်​တော်​မ​မူ။ သင်​တို့​လက်​မှ နှစ်​သက်​သော​စိတ်​နှင့် ခံ​တော်​မ​မူ။ အ​ဘယ်​ကြောင့်​နည်း​ဟု သင်​တို့​မေး​လျှင်၊ သင့်​အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်၍ နောက်​တစ်​ဖန် သ​စ္စာ​မ​စောင့်၊ ပြစ်​မှား​သော မ​ယား​တစ်​ဖက်​နှင့် သင့်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် သက်​သေ​ဖြစ်​တော်​မူ၏။ ထို​မ​ယား​သည် သင်၏​အ​ဆွေ​ခင်​ပွန်း၊ သင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​နှင့် ဆိုင်​သော​မ​ယား​ဖြစ်​သ​တည်း။ တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။ မ​ယား​ကို​စွန့်​ခြင်း​အ​မှု၊ မိ​မိ​ခင်​ပွန်း၌ ပြစ်​မှား​သော​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​အ​မှု​ကို ငါ​မုန်း​သည်​ဟု၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ သ​စ္စာ​ကို မ​ဖျက်​ကြ​နှင့်။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နား​တော်​ငြီး​သည်​တိုင်​အောင် စ​ကား​များ​ကြ၏။ နား​တော်​ငြီး​သည်​တိုင်​အောင် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု မေး​သော်၊ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း၏။ ထို​သို့​သော​သူ​တို့​ကို နှစ်​သက်​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ​သည်​တ​ကား။