YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:28-36

ရှင်လုကာ 9:28-36 JBMLE

ထို​သို့​မိန့်​တော်​မူ​သည်​နောက်၊ ရှစ်​ရက်​လောက်​လွန်​သော​အ​ခါ၊ ယေ​ရှု​သည် ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​တို့​ကို​ခေါ်၍ ဆု​တောင်း​ခြင်း​ငှာ တောင်​ပေါ်​သို့ တက်​ကြွ​တော်​မူ၏။- ဆု​တောင်း​တော်​မူ​စဉ်​တွင် မျက်​နှာ​တော်​သည် ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​ရှိ၍၊ အ​ဝတ်​တော်​လည်း ပြောင်​ပြောင်​လက်​လက် ဖြူ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​တည်း​ဟူ​သော လူ​နှစ်​ယောက်​တို့​သည် ဘုန်း​အ​သ​ရေ​နှင့် ထင်​ရှား၍၊- ကိုယ်​တော်​နှင့်​အ​တူ ဆွေး​နွေး​လျက် ယေ​ရု​ရှ​လင်​မြို့၌ စု​တေတော်​မူ​မည် အ​ကြောင်း​အ​ရာ​ကို ပြော​ကြ၏။- ပေ​တ​ရု​နှင့် သူ၏​အ​ဖော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တ​ငိုက်​ငိုက်​ရှိ​ကြ၏၊ နိုး​သော​အ​ခါ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့် ရပ်​နေ​သော လူ​နှစ်​ယောက်​ကို​လည်း​ကောင်း မြင်​ကြ၏။- ထို​သူ​တို့​သည် အ​ထံ​တော်​မှ​သွား​ကြ​စဉ်၊ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု ယောင်​ယမ်း၍ လျှောက်​လေ၏။- ထို​သို့​လျှောက်​ပြီး​မှ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ မော​ရှေ​နှင့် ဧ​လိ​ယ​သည် တိမ်​ထဲ​သို့​ဝင်​သည်​ကို တ​ပည့်​တော်​တို့​သည် ကြောက်​ခြင်း​ရှိ​ကြ​သည်​ဖြစ်၍၊- ဤ​သူ​ကား ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော်ဖြစ်လေ၏။ ထို​အ​သံ​တော်​ဖြစ်​သည် ခ​ဏ​ချင်း​တွင်၊ ယေ​ရှု​သည် တစ်​ယောက်​တည်း​ရှိ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​မြင်​သော​အ​ရာ​ကို ဝှက်​ထား၍၊ ထို​ကာ​လ၌ အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ဘဲ​နေ​ကြ၏။