YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:23-26

ရှင်လုကာ 9:23-26 JBMLE

ထို​မှ​တစ်​ပါး၊ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ၌​ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို နေ့​တိုင်း​ထမ်း၍ ငါ့​နောက်​သို့​လိုက်​ရ​မည်။- အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​အ​သက်​ရှုံး၏၊ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။- ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ ကိုယ်​ကို​ကိုယ် ဆုံး​ရှုံး​သော​သူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။- အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏၊ လူ​သား​သည် မိ​မိ​ဘုန်း၊ မိ​မိ​အ​ဘ​ခ​မည်း​တော်၏​ဘုန်း၊ သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​တို့၏ ဘုန်း​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ၊ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။