YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 8:9-17

ရှင်လုကာ 8:9-17 JBMLE

တ​ပည့်​တော်​တို့​က​လည်း၊ ထို​ဥ​ပ​မာ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား အ​ဘယ်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။ ထို​ဥ​ပ​မာ အ​နက်​အ​ဓိ​ပ္ပာယ်​ကား မျိုး​စေ့​သည် ဘု​ရား​သ​ခင်၏​တ​ရား​စ​ကား ဖြစ်၏။- လမ်း၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ ယုံ​ကြည်​ခြင်း၊ ကယ်​တင်​ခြင်း​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ မာရ်​နတ်​သည် လာ၍ တ​ရား​စ​ကား​ကို နှ​လုံး​ထဲ​မှ နုတ်​ယူ​သော​သူ​ကို ဆို​လို​သ​တည်း။- ကျောက်​ပေါ်၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ခံ​ယူ​သော်​လည်း စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​ယုံ​ကြည်​သ​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ဖောက်​ပြန်​သော​သူ​ကို ဆို​လို​သ​တည်း။- ဆူး​ပင်​တို့​တွင် ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ လော​ကီ​စိုး​ရိမ်​ခြင်း၊ စည်း​စိမ်​ကြွယ်​ဝ​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​တို့​သည် နှိပ်​စက်၍ အ​သီး​မ​သီး​သော​သူ​ကို ဆို​လို​သ​တည်း။- ကောင်း​သော​မြေ၌ ရှိ​သော​သူ​ကား၊ ဖြောင့်​မတ်​စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ စွဲ​လမ်း​သော​အား​ဖြင့် မြဲ​မြံ​စွာ အ​သီး​သီး​သော​သူ​ကို ဆို​လို​သ​တည်း။ ဆီ​မီး​ထွန်း​ပြီး​လျှင် အိုး​မှောက်၍ ဖုံး​ထား​လေ့​မ​ရှိ။ ခု​တင်​အောက်၌​လည်း ထား​လေ့​မ​ရှိ။ ဝင်​သော​သူ​သည် အ​လင်း​ကို​မြင်​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​အ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။- ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည် ထင်​ရှား​လိမ့်​မည်။ ဝှက်​ထား​လျက် ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​စွာ ပွင့်​လင်း​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။