YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 8:5-15

ရှင်လုကာ 8:5-15 JBMLE

မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။ အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ကျော်​နင်း​ခြင်း​ကို ခံ​ရ၍ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ကောက်​စား​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ကျောက်​ပေါ်၌ ကျ​သ​ဖြင့် အ​ပင်​ပေါက်​သော​အ​ခါ မြေ​ဩ​ဇာ​မ​ရှိ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ဆူး​ပင်​တို့​တွင် ကျ​သ​ဖြင့် ဆူး​ပင်​တို့​သည် အ​တူ​ပေါက်၍ ညှဉ်း​ဆဲ​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့် အ​ပင်​ပေါက်၍ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊ ကြား​စ​ရာ​နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု ကြွေး​ကြော်​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ ထို​ဥ​ပ​မာ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား အ​ဘယ်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။ ထို​ဥ​ပ​မာ အ​နက်​အ​ဓိ​ပ္ပာယ်​ကား မျိုး​စေ့​သည် ဘု​ရား​သ​ခင်၏​တ​ရား​စ​ကား ဖြစ်၏။- လမ်း၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ ယုံ​ကြည်​ခြင်း၊ ကယ်​တင်​ခြင်း​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ မာရ်​နတ်​သည် လာ၍ တ​ရား​စ​ကား​ကို နှ​လုံး​ထဲ​မှ နုတ်​ယူ​သော​သူ​ကို ဆို​လို​သ​တည်း။- ကျောက်​ပေါ်၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ခံ​ယူ​သော်​လည်း စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​ယုံ​ကြည်​သ​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ဖောက်​ပြန်​သော​သူ​ကို ဆို​လို​သ​တည်း။- ဆူး​ပင်​တို့​တွင် ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ လော​ကီ​စိုး​ရိမ်​ခြင်း၊ စည်း​စိမ်​ကြွယ်​ဝ​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​တို့​သည် နှိပ်​စက်၍ အ​သီး​မ​သီး​သော​သူ​ကို ဆို​လို​သ​တည်း။- ကောင်း​သော​မြေ၌ ရှိ​သော​သူ​ကား၊ ဖြောင့်​မတ်​စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ စွဲ​လမ်း​သော​အား​ဖြင့် မြဲ​မြံ​စွာ အ​သီး​သီး​သော​သူ​ကို ဆို​လို​သ​တည်း။