YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 8:22-56

ရှင်လုကာ 8:22-56 JBMLE

တစ်​နေ့​သ၌ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ထဲ​သို့​ဝင်၍၊ အိုင်​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​ပြီး​လျှင် လွှင့်​သွား​ကြ၏။- အိုင်​ကို​ကူး​သော​အ​ခါ ယေ​ရှု​သည် ကျိန်း​စက်​တော်​မူ၏။ အိုင်၌​မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ လှေ​သည် ရေ​နှင့် ပြည့်​သော​ကြောင့် ဘေး​ရောက်​လု၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့ ယုံ​ကြည်​ခြင်း​စိတ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သူ​တို့​သည် ကြောက်​ရွံ့​အံ့​ဩ၍၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ရေ​ကို​ပင် မှာ​ထား​တော်​မူ၍၊ သူ​တို့​သည် နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။ ဂါ​လိ​လဲ​ပြည်​နှင့် အိုင်​တစ်​ဖက်​ဖြစ်​သော ဂါ​ဒ​ရ​ပြည်​သို့ ရောက်​ကြ၍၊- ယေ​ရှု​သည် ကုန်း​ပေါ်​သို့ တက်​တော်​မူ​လျှင်၊ ကာ​လ​တာ​ရှည်​စွာ နတ်​ဆိုး​စွဲ​သ​ဖြင့် အ​ဝတ်​ကို​မ​ဝတ်၊ အိမ်၌​မ​နေ၊ သင်္ချိုင်း​တ​စ​ပြင်၌​နေ​တတ်​သော ဂါ​ဒ​ရ​ပြည်​သား​တစ်​ယောက်​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို ပြု​လေ၏။- ကိုယ်​တော်​ကို​မြင်​လျှင် ပျပ်​ဝပ်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။- လျှောက်​သည်​အ​ကြောင်း​ကား၊ နတ်​ဆိုး​သည် ထို​လူ​ကို အ​ဖန်​များ​စွာ​ဖမ်း​ဆီး​လှ​ပြီ။ ခြေ​ချင်း​သံ​ကြိုး​နှင့် အ​ကျဉ်း​ထား​သော်​လည်း ခြေ​ချင်း​သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ နတ်​ဆိုး​သည် တော​အ​ရပ်​သို့ နှင်​မြဲ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သည်​ထောက်၍၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။- ယေ​ရှု​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည်​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​လူ​ကို နတ်​ဆိုး​အ​များ စွဲ​သော​ကြောင့် အ​ကျွန်ုပ်​အ​မည်​ကား လေ​ဂေါင်​ဖြစ်​ပါ​သည်​ဟု လျှောက်​ပြီး​မှ၊- အ​နက်​ဆုံး​သော အ​ရပ်​သို့​သွား​စေ​ခြင်း​ငှာ မ​နှင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။ ထို​အ​ရပ်၌ တောင်​ပေါ်​မှာ များ​စွာ​သော​ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။ ထို​ဝက်​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု နတ်​ဆိုး​တို့​သည် တောင်း​ပန်​ပြန်​လျှင် အ​ခွင့်​ပေး​တော်​မူ၏။- နတ်​ဆိုး​တို့​သည် လူ​မှ​ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့်၊ ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း ပြေး​ဆင်း၍ အ​သက်​ဆုံး​ကြ၏။- ဝက်​ကျောင်း​သော​သူ​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို မြင်​လျှင်​ပြေး၍ မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​ကြ​သော်၊- လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- နတ်​ဆိုး​စွဲ​သော​သူ​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကျန်း​မာ​ပ​က​တိ​ရှိ​သည်​ကို သိ​မြင်​သော​သူ​တို့​သည် နောက်​လာ​သော​သူ​တို့​အား ပြန်​ကြား​ပြီး​မှ၊- ဂါ​ဒ​ရ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​သော​စိတ်​စွဲ၍၊ မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ​လျှင်၊ ကိုယ်​တော်​သည် လှေ​ထဲ​သို့ ဝင်၍​ပြန်​တော်​မူ၏။ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် ကိုယ်​တော်​နှင့် အ​တူ​ရှိ​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လျှင်၊- ယေ​ရှု​က၊ သင်​သည် ကိုယ်​အိမ်​သို့​ပြန်​သွား​လော့။ ဘု​ရား​သ​ခင်​သည် သင်၌​အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို ကြား​ပြော​လော့​ဟူ၍ လွှတ်​လိုက်​တော်​မူ​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု​သည် အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို တစ်​မြို့​လုံး​တွင် အ​နှံ့​အ​ပြား သ​တင်း​ကြား​ပြော​လေ၏။ ယေ​ရှု​သည် ပြန်​တော်​မူ​လျှင်၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မျှော်​လင့်​လျက် နေ​ကြ​သော​ကြောင့် ဝမ်း​မြောက်​စွာ​လက်​ခံ​ကြ၏။- ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ယေ​ရှု၏​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊- တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ်​ရှိ​သော မိ​မိ၌ တစ်​ယောက်​တည်း​သော​သ​မီး​သည် သေ​ဆဲ​ရှိ​သော​ကြောင့်၊ မိ​မိ​အိမ်​သို့ ကြွ​တော်​မူ​မည်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်၍ ကြွ​တော်​မူ​စဉ်​တွင် လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို ထိ​ခိုက်​တိုက်​မိ​ကြ၏။- ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော​ကြောင့်၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆေး​သ​မား​တို့​အား​ပေး၍ ကုန်​သော်​လည်း၊ အ​ဘယ်​ဆေး​သ​မား​လက်၌​မျှ ချမ်း​သာ​မ​ရ​နိုင်​သော မိန်း​မ​တစ်​ယောက်​သည်၊- နောက်​တော်​သို့ ချဉ်း​ကပ်၍ အ​ဝတ်​တော်၏​ပန်း​ပွား​ကို တို့​သ​ဖြင့်၊ ထို​ခ​ဏ​ချင်း​တွင် သွေး​သွန်​အ​နာ​ပျောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ငြင်း​လတ်​သော်၊ ပေ​တ​ရု​မှ​စ၍ သူ၏​အ​ပေါင်း​အ​ဖော်​တို့​က၊ သ​ခင်၊ လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​အား ထိ​ခိုက်​တိုက်​မိ​ကြ​သည် ဖြစ်၍၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​တို့​လေ​ပြီ။ ငါ့​ကိုယ်​မှ တန်​ခိုး​ထွက်​သည်​ကို ငါ​သိ၏​ဟု မိန့်​တော်​မူ၏။- ထို​မိန်း​မ​သည် မိ​မိ​ပုန်း​ရှောင်၍ မ​နေ​နိုင်​သည်​ကို​သိ​လျှင် တုန်​လှုပ်​လျက်​လာ၍၊ အ​ဘယ်​အ​ကြောင်း​ကြောင့် တို့​သည်​ကို​လည်း​ကောင်း၊ ချက်​ချင်း ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ပျပ်​ဝပ်​လျက် ကြား​လျှောက်​လေ၏။- ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏ သ​မီး​သေ​ပါ​ပြီ။ ဆ​ရာ​ကို မ​နှောင့်​ယှက်​ပါ​နှင့်​ဟု ဆို၏။- ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာ ရှိ​စေ​လော့။ ထို​သို့​ရှိ​လျှင် သူ​သည် ဘေး​နှင့် လွတ်​လိမ့်​မည်​ဟု တ​ရား​ဇ​ရပ်​မှူး​အား မိန့်​တော်​မူ၏။- အိမ်​သို့​ရောက်​လျှင်၊ ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​နှင့် မိန်း​မ​ငယ်၏​မိ​ဘ​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ အ​ထဲ​သို့​မ​ဝင်​စေ​ခြင်း​ငှာ ဆီး​တား​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ​သည်​ကို ကိုယ်​တော်​က၊ မ​ငို​ကြ​နှင့်။ သူ​ငယ်​သေ​သည် မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​လျှင်၊- သူ​ငယ်​သေ​ကြောင်း​ကို ထို​သူ​တို့​သည်​သိ​သ​ဖြင့် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။- ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့​ထွက်​စေ​ပြီး​မှ သူ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​လျက်၊ သူ​ငယ်​ထ​လော့​ဟု ခေါ်​တော်​မူ​သည်​တွင်၊- စိတ်​ဝိ​ညာဉ်​ပြန်​လာ၍ မိန်း​မ​ငယ်​သည် ချက်​ချင်း​ထ​လေ၏။- သူ့​အား​စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။ မိ​ဘ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်​ကြ၏။ ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။